မြစ်ကြီးနားမြို့တွင် ကျပ်သိန်းခြောက်ထောင်ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများဖမ်းမိ

0
177

မြစ်ကြီးနားမြို့တွင် ကျပ်သိန်းခြောက်ထောင်ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများဖမ်းမိ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် ကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများအား ဧပြီ ၄ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များသည် သ တင်းအရ မြစ်ကြီးနားမြို့၊တပ်ကုန်းရပ်ကွက်၊ရွာသစ်လမ်းမပေါ်တွင် ည ၈ နာရီခန့်က ဒွဲဆိုင်းမိုင် မောင်းလာသည့် CROWN ကားနှင့် မနန်းအောင် မောင်းလာသည့် VOXY ကားတို့အားရှာဖွေရန် ရပ်တန့်ခိုင်းခဲ့သည်။

ရပ်တန့်ခိုင်းစဥ် မနန်းအောင် သည်ကားအားရပ်တန့်၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ဒွဲဆိုင်းမိုင်မောင်းနှင်သည့်ကားနှင့်ရပ်တန့်ထားခဲ့သည့် ကားတို့အား စစ်ဆေးခဲ့ကြသည်။

ရပ်တန့်ထားခဲ့သည့်ကားပေါ်မှ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၉ နာရီတွင် တပ်ကုန်းရပ်ကွက်၊ရွာသစ်လမ်းရှိ မနန်းအောင် ၏နေအိမ်မှ Honda Fit ကား၊ ည ၉ နာရီခွဲတွင် စီတာပူမုန်ကြိမ်ရပ်ကွက်ရှိ ဒွဲဆိုင်းမိုင် နေအိမ်မှ ဘိန်းဖြူ ၇ ဒသမ ၁၅ ကီလိုနှင့်စိတ်ကြွ ဆေးပြား ၂ ဒသမ ၈ သိန်း တို့အားထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများအား ရှမ်းပြည်(မြောက်ပိုင်း)မှကချင်ပြည်နယ်သို့ သယ် ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥ ပဒေအရအရေးယူကာ ထွက်ပြေးသွားသူနှင့်ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here