သံတောင်မြို့၊အမှတ် ၃ ရပ်ကွက်၏ ရပ်ကျေးအုပ် ချုပ်ရေးမှူးသေနတ်ဖြင့်ပစ်သတ်ခံရ

0
174

သံတောင်မြို့၊အမှတ် ၃ ရပ်ကွက်၏ ရပ်ကျေးအုပ် ချုပ်ရေးမှူးသေနတ်ဖြင့်ပစ်သတ်ခံရ

ကရင်ပြည်နယ်၊သံတောင်မြို့၊အမှတ် ၃ ရပ်ကွက် ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးစဲမြူရယ်သည် ဧပြီ ၇ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

အမှတ် ၃ ရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးစဲမြူရယ်သည် အမည်မသိလက်နက်ကိုင်များ၏ နံနက် ၅ နာရီခွဲကျော်ခန့်၌ သေနတ်ဖြင့်ပစ်သတ်ခြင်းအားခံခဲ့ရသည်ဟု သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးစဲမြူရယ်သည် သံ တောင်မြို့လယ်ရှိ ရွှေပသိခန်းမအနီး၌ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးခဲ့ကြောင်း သိရသည်။

“ကြားရသလောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးအလောင်းကိုလာသယ်တဲ့ စစ်သားတွေလည်း မိုင်းဆွဲခံရတယ်လို့ကြားတယ် မနက် ၈ နာရီကျော်လောက်မှာမိုင်းဆွဲခံရတယ်တဲ့ အသေးစိတ်က တော့မသိသေးဘူး”ဟုသံတောင်မြို့နေသူတစ်ဦးကပြောသည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာနှင့်အနီးတစ်ဝိုက်တွင် စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here