၀ ပြည်နယ် ပန်ခမ်းမြို့တွင် Covid 19 ကူးစက်မှု ပိုမိုမြှင့်တက်လာသည့်အတွက် ဆေးဘက်ဆိုင်ရာ စေတနာ့ ဝန်ထမ်းများခေါ်ယူ

0
243

၀ ပြည်နယ် ပန်ခမ်းမြို့တွင် Covid 19 ကူးစက်မှု ပိုမိုမြှင့်တက်လာသည့်အတွက် ဆေးဘက်ဆိုင်ရာ စေတနာ့ ဝန်ထမ်းများခေါ်ယူ

၀ ပြည်နယ်၊ ပန်ခမ်းမြို့တွင် Cocid 19 ကူးစက်မှု ပိုမိုမြှင့်တက်လာသည့်အတွက် ဆေးဘက်ဆိုင်ရာစေတနာ့ ဝန်ထမ်းများကို ပြည်နယ်ကျန်းမာရေးဌာန ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ခေါ်ယူလျှက်ရှိသည်။

ပန်ခမ်းမြို့တွင် ပြီးခဲ့သော မတ်လ ၂၆ရက်မှ ယနေ့ ဧပြီ ၇ ရက်နေ့အထိ ကူးစက်ခံရသူပေါင်း ၁၅၀၀ ဦးကျော်ရှိလာခဲ့ပြီး၊ ပန်ခမ်းမြို့အတွင်းရှိနေရာတိုင်း၊ လုပ်ငန်းတိုင်းနှင့် ကျေးရွာများပါမကျန် ကူးစက်ပြန့်ပွားနေ ကြောင်းသိရသည်။

ယင်းသို့ ကူးစက်မှုမြှင့်တက်လာသည့်အတွက် ဆေးဘက်ဆိုင်ရာ ကျန်းမာဝန်ထမ်းများအလုံအလောက်မရှိဘဲ၊ လက်ရှိ ကုသပေးလျှက်ရှိသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများမှာလည်း ရက်ရှည်ကုသပေးနေရသည့်အတွက် ပင်ပန်နွမ်းနယ်နေကြပြီဖြစ်သဖြင့် စေတနာ့ ဝန်ထမ်းများ ခေါ်ယူနေရခြင်းဖြစ်ကြောင်း ၀ ပြည်နယ်၊ကျန်းမာရေးဌာန ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအတွက် ပန်ခမ်းမြို့ရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းတွင် ပါဝင်လိုသူများအနေဖြင့် ၀ ပြည်နယ်၊ကျန်းမာရေးဌာန ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံသို့ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

Covid 19 ရောဂါကူးစက်မှုကြောင့် ပန်ခမ်းမြို့အား မတ်လ၂၅ ရက်နေ့မှ ဧပြီ ၈ ရက်နေ့အထိ Lockdown ချမှတ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here