ရေးမြို့ Mytelဆက်သွယ်ရုံးအတွင်း လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွား

0
153

ရေးမြို့ Mytelဆက်သွယ်ရုံးအတွင်း လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွား

မွန်ပြည်နယ်၊ရေးမြို့၊အောင်သုခရပ်ကွက်၊ဗိုလ်ချုပ်လမ်းရှိ Mytel ဆက်သွယ်ရေးရုံးဝန်းအတွင်း၌ ဧပြီလ ၇ရက်နံနက်နာရီခန့်က လက်လုပ်မိုင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။

“မနေ့က Mytelရုံးမှာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီး တစ်ယောက်သေဆုံးခဲ့ပြီး သုံးယောက် ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်´´ ရေးမြို့ခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ရေးမြို့၊ အောင်သုခရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ Mytel ဆက်သွယ်ရေးရုံးအတွင်းသို့ စိစစ်ဆဲ အကြမ်းဖက်အဖွဲ့မှ အမျိုးသား (၂)ဦးသည် ဆိုင်ကယ်ဖြင့်လာရောက်ခဲ့ပြီး ရုံးအတွင်းသို့ လက်လုပ်မိုင်း(၁) လုံး ထားရှိခဲ့ပြီး အစင်ကျေးရွာဘက်သို့ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါလက်လုပ်မိုင်းသည် ရုံးအဝင် တံခါးဘေးတွင် ပေါက်ကွဲခဲ့ရာ ဒေါ်သန်းတင် ၅၈ နှစ် (သန့်ရှင်းရေးလုပ်သား)သည် ဝမ်းဗိုက်ပွင့် အူထွက်၍ ဖြစ်စဉ်နေရာတွင်(သေဆုံး)၊ မောင်မှုန်ကြီး ၅ နှစ်(ဒေါ်သန်းတင်၏ မြေး)သည် ညာခြေထောက် အစထိမှန်၊ ညာရင်ဘက် အစထိမှန်(စိုးရိမ်ရ)၊ ဦးဝင်းကြိုင် ၆၀ နှစ် (ယာဉ်မောင်း)သည် ဘယ်ဘက် ခြေထောက် အစထိမှန်(မစိုးရိမ်ရ)၊ ဒေါ်ပွင့်ဇင်ထွန်း ၂၃ နှစ်၊ မျက်နှာနှင့် ဘယ်ညာလက်များ အစထိမှန်(မစိုးရိမ်ရ)ဒါဏ်ရာများရရှိခဲ့ခြင်းကြောင့် မိုင်းစထိမှန်လူနာများအား ၁၁၁၀ နာရီတွင် ရေးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here