မဟာအောင်မြေမြို့နယ်ရဲမွန်တောင်ရပ်ကွက်ရုံးအား ဗုံးဖြင့်လာပစ်နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ

0
177

မဟာအောင်မြေမြို့နယ်ရဲမွန်တောင်ရပ်ကွက်ရုံးအား ဗုံးဖြင့်လာပစ်နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ
မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ရဲမွန်တောင်ရပ် ကွက်၊၃၅လမ်း၊၅၉လမ်းနှင့်လမ်း၆၀ကြားရှိ ရဲမွန်တောင်ရပ်ကွက်ရုံးအား ဧပြီလ၈ရက် ၈နာရီခန့်က ဗုံးဖြင့် လာရောက် ပစ်သူ အမျိုးသားနှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်၍ ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သောအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“ဒီနေ့မနက်အစောကြီးကတည်းက မန္တလေးမှာ မိုးတအားရွာတယ်။မနက်၈နာရီကျော်လောက်မှ မိုးသွားတာ။မိုးတိတ်ခါစရှိသေးတယ်။ရပ်ကွက်ရုံးကို လက်လုပ်ဗုံးနဲ့လာပစ်တဲ့ အမျိုးသားနှစ်ယောက်ကို ရုံးထဲက
လုံခြုံရေးတပ်ဖွဲ့ကနေ ပြန်ပစ်လိုက်တာ ၂ယောက်လုံးသေသွားတယ်´´ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ဧပြီလ၈ရက်၈နာရီ၃မိနစ်က မဟာအောင်မြေမြို့နယ်၊ရဲမွန်တောင်ရပ်ကွက်၊၃၅လမ်း၊၅၉လမ်းနှင့်လမ်း၆၀ကြားရှိ ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့တွင် အမည်မသိ အမျိုးသားနှစ်ဦးမှ စူပါကပ်ဇီးရောင်ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ရန်ကြိုးစားရာတွင် တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့်ပြန်လည် ပစ်ခတ်ခဲ့ရာ လက်လုပ်ဗုံးဖြင့်လာရောက်ပစ်ခတ်သူအမျိုးသားနှစ်ဦးစလုံး သေနတ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်ရှိ ရဲမွန်တောင်ရပ်ကွက်ရုံး ပြီးခဲ့သည့် မတ်လ၃၀ရက်ကလည်း လက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ်နှင့်ဧပြီလ၅ရက်ကလည်း ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here