အမရပူရမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့်ကတ်တမင်းများ ဖမ်းမိ

0
143

အမရပူရမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့်ကတ်တမင်းများ ဖမ်းမိ

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊ရန်ကုန်-မန္တလေးသွားကားလမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်များပါသည့် ပူးပေါင်းအဖွဲ့က သတင်းအရ ကိုယ်ပိုင်ကားပေါ်မှ ဧပြီ ၄ ရက်ည ၆ နာရီတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ရန်ကုန်-မန္တလေးသွားကားလမ်း၏ မိုင်တိုင်အ မှတ်-၄၂၃/၁ နှင့် ၄၂၃/၂ ကြားတွင် မိတ္ထီလာဘက်မှမန္တလေးဘက်သို့ စိုင်းခမ်းခိုင် မောင်းကာ စိုင်းယီဆန်နှင့်လင်းဇော်ဦး တို့လိုက်ပါလာသည့် TOYOTA ALPHARD ကားအားတားဆီးစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

ကားပေါ်မှ ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သိန်းပြားနှင့်ကတ်တမင်း ၅ ကီလိုအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စိတ်ကြွဆေးပြားများနှင့်ကတ်တမင်းတို့အား ရှမ်းပြည်(တောင်ပိုင်း)မှမန္တလေးတိုင်းသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၃ ဦးအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here