သင်္ကြန် သီချင်းMV မရိုက်ကူးခင်အချိန်မှာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာသွေးကြော မျှင်ပြတ်တောက်မှုကြောင့် ဆေးကုသမှူခံယူခဲ့ရတဲ့ အကြောင်းပြောပြခဲ့တဲ့ အဆို​ေတာ်ခိုင်မြဲသစ္စာ

0
195

သင်္ကြန် သီချင်းMV မရိုက်ကူးခင်အချိန်မှာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာသွေးကြော မျှင်ပြတ်တောက်မှုကြောင့်ဆေးကုသမှူခံယူခဲ့ရတဲ့အကြောင်းပြောပြခဲ့တဲ့ အဆို​ေတာ်ခိုင်မြဲသစ္စာ


“ရွှင်လန်းကာစိတ်ချမ်းသာကြပါစေ”ဆိုတဲ့ သင်္ကြန် သီချင်းမှာ အဆိုတော် J Fire နဲ့အတူ သီဆိုခဲ့တာဖြစ်ပြီး သီချင်းMV မရိုက်ကူးခင်အချိန်လေးမှာဦးနှောက်နဲ့အာရုံကြောဆိုင်ရာသွေးကြောမျှင်ပြတ်တောက်မှုကြောင့်ဆေးကုသမှုခံယူခဲ့ရကြောင်း အဆိုတော်ခိုင်မြဲသစ္စာ ပြောပါတယ်။

အခုလိုအာရုံကြောဆိုင်ရာ သွေးကြောမျှင်ပြတ်တောက်ခဲ့ရတာနဲ့ပတ်သက်ပြီး အဆိုတော် ခိုင်မြဲသစ္စာက
” ခိုင်မြဲ Mv ရိုက်ကူးမဲ့ရက်ရောက်ဖို့ တပတ်အလိုမှာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာသွေးကြော မျှင်ပြတ်တောက်မှုဖြစ်လို့ ဆေးကုသမှူခံယူခဲ့ရပါတယ်။

ဓမ္မတာဖြစ်နေစဥ် ဆိုင်မှာဆံပင်ခေါင်း​လျှော်ပေါင်းတင် နားဆေးလုပ်ခဲ့တယ်အခါတိုင်းလည်းလုပ်နေကြပါပဲ ညရောက်တော့ ဦးခေါင်းနှောက်စေ့နဲ့ ခေါင်းညာဘက်တခြမ်း ညာနားတဖက် မခံမရပ်နိုင်အောင်ထိုးကိုက်တာခံစားရပါတယ်။

နောက်မနက်မှာ ခေါင်းတခြမ်းနဲ့မျက်နှာတခြမ်းအရမ်းတင်းနေတယ် မျက်တောင်ခတ်မရ ပြုံးမရတော့ပါဘူး ဆရာဝန်ပြတော့မှ ဦးနှောက်အာရုံကြောအအေးပတ်သွားတာကြောင့် ဦးခေါင်းနောက်စိကသွေးကြောမျှင်ငယ်လေးအချို့ပြတ်တောက်သွားပီး မျက်နှာတခြမ်းသွေးလည်ပတ်မှူရပ်တန့်သွားခဲ့တာပါတဲ့

ဒါပေမဲ့ကုသမှူခံယူနေတဲ့ကြားက ကိုယ့်နေရာလေးမှာပါဝင်နိုင်ဖို့ ရန်ကုန်ထိသွားရောက်ရိုက်ကူးခဲ့တယ်ပြုံးနိုင် ရီနိုင်ခြင်း မရှိခဲ့လို့ MV ထဲရုပ်တည်ကြီးနဲ့ပါစကားသေချာမပြောနိုင်လို့ စာသားတွေပါးစပ်လှူပ်ပီးတောင် ပီပြင်အောင်လိုက်ဆိုနိုင်ခြင်းမရှိလောက်အောင် အခြေအနေတော်တော်ဆိုးပါတယ်။

ယုံကြည်မှုကင်းမဲ့ပီး စိတ်ဓါတ်တွေလုံးဝကျနေခဲ့ချိန်ပါရိုက်ခါနီးမှဖြစ်ရလို့လည်း အရမ်းဝမ်းနည်းခဲ့ရပါတယ်

မျက်နှာတွေယောင်နေလို့ လိမ်းပေးတဲ့ မိတ်ကပ်ပညာရှင်တွေကိုလည်းအားနာမိပါတယ် ရိုက်ကူးရေးပညာရှင်တွေကလည်း အဆင်အပြေဆုံးလေးဖြစ်အောင်ဝိုင်းကယ်ပေးကြလို့ အားလုံးကိုကျေးဇူးလည်းတင်ရပါတယ်။

သတိထားကြပါအမြဲလုပ်နေကြဖြစ်ပေမဲ့
အခန့်မသင့်တော့ဖြစ်သွားတာ ကိုယ်တွေ့သင်ခန်းစာရပါပီ အရမ်းလည်းကြောက်ပါပီ
မဆင်ခြင်မိတဲ့ ကိုယ့်အမှားကြောင့်ပါ
ခိုင်မြဲလိုအမှားမျိူးမလုပ်မိကြပါနဲ့
ကျန်းမာရေးအထူးဂရုစိုက်ကြပါ ” လို့သူမလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here