ပိုင်တံခွန်က လက်ခံထားသည် ပွဲများကို ဖျက်သိမ်းကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ကြေညာ

0
747

ပိုင်တံခွန်က လက်ခံထားသည် ပွဲများကို ဖျက်သိမ်းကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ကြေညာ

သရုပ်ဆောင်မော်ဒယ် တစ်ဦးဖြစ်သည့် ပိုင်တံခွန်က လက်ခံထားသည့်ပွဲများကို ဖျက်သိမ်းလိုက်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ယနေ့ ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့သည်။

ပိုင်တံခွန်၏ လူမှုကွန်ရက်စာမျက်နှာတွင် “ မနှစ်က ဒီလိုနေ့ မနက် ၄နာရီ ကျွန်တော်တစ်နှစ်နီးပါး ဆင်းရဲဒုက္ခခံခဲ့ရတယ်။ ဒါပေမယ့် ကျနော့်ထက် အခုအချိန်မှာ ပိုခက်ခဲကြပ်တည်းနေတဲ့ သူတွေရှိတာကျနော်နားလည်ပါတယ်။ ဒါ့ကြောင့် ဒီအတော်အတွင်း လက်ခံထားတဲ့ ပွဲတက်တွေ အားလုံး ကျနော့်ဘက်က တရားဝင်ဖျက်သိမ်းလိုက်ပါပြီ” ဟု ရေးသားထားသည်။

ပိုင်တံခွန်သည် အင်းစိန်အကျဉ်းထောင်အတွင်း ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရကာ မတ်လ ၂ ရက်နေ့တွင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြစ် ပြန်လည် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here