နိုင်ငံ့ဝန်ထမ်းအငြိမ်းစားလစာထုတ်ပေးရာတွင် နည်းပညာဝန်ဆောင်မှုအကျိုးတူပူးပေါင်းဆောင် ရွက်ရန် မြန်မာ့စီးပွားရေးဘဏ်ဖိတ်ခေါ်

0
188

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားလစာထုတ်ပေးရာတွင် နည်းပညာဝန်ဆောင်မှုအကျိုးတူပူးပေါင်းဆောင် ရွက်ရန် မြန်မာ့စီးပွားရေးဘဏ်ဖိတ်ခေါ်

မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ အငြိမ်းစားလစာငွေများအား လစဥ်ထုတ် ပေးလျက်ရှိရာ အချိန်ကုန်သက်သာကာ ကိုဗစ် (၁၉)ရောဂါရှောင်ရှားနိုင်ရန် အလေးပေးဆောင် ရွက်လို၍ နည်းပညာဝန်ဆောင်မှုများအကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လျက်ရှိခြင်းဖြစ် သည်။

ထိုသို့ ထုတ်ပေးရာတွင် Digital Money Myanmar (Wave Money) ၊ MPT Pay တို့ဖြင့် အကျိုးတူ ပူးပေါင်း၍ သက်ဆိုင်ရာ မိုဘိုင်းလ်အေးဂျင့်များထံ ၌ အငြိမ်းစားလစာများ ထုတ်ပေးခြင်းအား ဆောင်ရွက်ပေးလျက်ရှိပြီး OK $ ၊ Mytel Pay ၊ A ဘဏ်၏ A-Plus Application တို့ဖြင့်လည်း အ ကျိုးတူပူးပေါင်း၍ အငြိမ်းစားလစာများထုတ် ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် စိတ်ချလုံခြုံ၍စနစ်ကျသည့် မည်သည့်မိုဘိုင်းလ်နည်းပညာဖြင့်မဆို အငြိမ်းစား လ စာထုတ်ပေးနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းအား အကျိုးတူပူးပေါင်းဆောင်ရွက်လိုသော နည်းပ ညာကုမ္ပဏီများ၊မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ အဆိုပြုကမ်းလှမ်းဆက်သွယ်နိုင်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံဝန်ထမ်းအငြိမ်းစား များ၏ အငြိမ်းစားလစာများအား အချိန်ကုန်သက်သာကာ လွယ်ကူလျင်မြန်စွာထုတ်ယူနိုင်ရန် Myanmar Mobile Money(MMM)နှင့်အကျိုးတူပူးပေါင်း၍ Point of Sale (POS)စက်များဖြင့် ဘဏ်ခွဲပေါင်း ၂၈၀ တွင် ငွေလက်ခံ/ငွေထုတ်ပေးခြင်း(Cash In/ Cash Out)၊တယ်လီဖုန်းဘီလ်ဖြည့်တင်းခြင်း(Top-Up)၊အငြိမ်းစားလစာများထုတ်ပေးခြင်းတို့အား နီးစပ်ရာမိုဘိုင်းလ်အေးဂျင့်များထံ၌ ထုတ်ယူနိုင်ရန်ဆောင်ရွက်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here