သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအတိုင်း ရွှေအရောင်းအဝယ်ပြုလုပ်မည်

0
268

သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအတိုင်း ရွှေအရောင်းအဝယ်ပြုလုပ်မည်

ဗဟိုဘဏ်က သတ်မှတ်ထားသော တစ်ဒေါ်လာလျှင် ၁၈၅၀ နှုန်းထားအတိုင်းသာ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်ကြရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ရွှေဈေးနှုန်းတည်ငြိမ်စေရေး အပါအဝင် ထိန်းထိန်း သိမ်းသိမ်း အရောင်းအဝယ် ပြုလုပ်နိုင်စေရေး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အရေးပေါ် အလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ်ကို ယနေ့ဧပြီလ(၈)ရက်နံနက်ပိုင်းက ကျင်းပခဲ့ရာတွင် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“အဓိက ရွှေဈေးတည်ငြိမ်ဖို့အတွက်ပါ။အခု ဒီနေ့ ဧပြီလ ၈ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပေမယ့် လာရောင်းတဲ့ သူတွေ မရှိသေးသလို ရောင်းတဲ့သူလည်းမရှိသေးပါဘူး”ဟု YGEA ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။

အဆိုပါ အရေးပေါ်အစည်းအဝေးတွင် ဗဟိုဘဏ်သတ်မှတ် နိုင်ငံခြားငွေလဲနှုန်းပေါ် မူတည်၍သာ အရောင်းအဝယ်ပြုလုပ်ကြရန်၊ ဧပြီလ ၉ ရက် မှ ၁၇ ရက် ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရန်၊စာရင်းဇယားကိုမှန်ကန်စွာဖြည့်စွတ် ပေးသွင်းရန်၊ပြင်ပဈေးကွက် အသီးသီးမှဝင်လာသော သတင်းမှား ကောလဟာလ များကို မယုံကြည်ကြရန်၊ လချုပ်စာရင်းရှင်းတမ်းနှင့် စတုဒီသာကုန်ကျစားရိတ်ရှင်းတမ်းများအတည်ပြုရန် တို့ကိုလည်း ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here