ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်ဝေးလံခေါင်သီဒေသတို့မှ ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ဆေးတက္ကသိုလ်ဝင်ခွင့် စတင်ခေါ်ယူ

0
225

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်ဝေးလံခေါင်သီဒေသတို့မှ ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်ဝင်ခွင့် စတင်ခေါ်ယူ

နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့်လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ(၆)ခု (နာဂ၊ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ)တို့မှ ၂၀၂၀-ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန က ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် လျှောက်လွှာများစတင်ခေါ်ယူနေပြီဖြစ်သည်။

လိုအပ်သောအရည်အချင်းများအား သတ်မှတ်ထားပြီးထိုထဲ ဝင်ခွင့်လျှောက်ထားချိန်တွင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(နိုင်)/ (ပြု (ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ကာ နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့်လူမှုရေး ခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ (နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်ကိုးကန့်၊ ဝ)တွင် အမြဲနေထိုင်သူ ၊၂၀၂၀-ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ(မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ဓာတုဗေဒ၊ ရူပဗေဒ၊ဇီဝဗေဒ)ဖြင့် အောင်မြင်သူဖြစ်ရမည်စသည့်အချက်များပါဝင်သည်။

ယင်းအပြင် အခြေခံပညာသင်တန်း(၈-တန်း၉-တန်း၊ ၁၀-တန်း) များကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများမှပင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်ဖြစ်ပြီး အဆိုပါဒေသများတွင်နေထိုင်သော်လည်း အခြေခံပညာအထက်တန်း ကျောင်းမရှိခြင်း၊
စာစစ်ဌာနမရှိခြင်း၊ အခြေခံပညာအထက်တန်းကျောင်းရှိသော်လည်း သိပ္ပံဘာသာတွဲသင်ကြားနိုင်မှု မရှိခြင်းတို့ကြောင့် အနီးစပ်ဆုံးမြို့နယ်ရှိ အထက်တန်းကျောင်းများမှ အောင်မြင်သော ကျောင်းသားများအား (၈-တန်း၊၉-တန်း၊၁၀ တန်း)ကို ခက်ခဲဒေသတွင် (၃)နှစ်ဆက်တိုက် တက်ရောက်ခဲ့ခြင်းမရှိသော်လည်း ခြွင်းချက်ဖြင့် စဉ်းစားမည် ဟုလည်း ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကပြောဆိုထားသည်။

ဆေးတက္ကသိုလ်တက်ရောက်လိုသူများအနေဖြင့် ဝင်ခွင့်ပြုပါရန် လျှောက်ထားရမည့်အပြင် ဘွဲ့ရရှိပြီးသည့်အချိန်တွင် မိမိဒေသတွင်နိုင်ငံ့ဝန်ထမ်းအဖြစ်အနည်းဆုံး(၅)နှစ်၊ ဘွဲ့လွန်သင်တန်း တက်ရောက်အောင်မြင်ပြီး ပါက နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး(၅)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြုရမည်ဖြစ်သည်ဟုလည်းသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here