အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက်၊မြကန်သာဂေါက်ကွင်းတွင် ပေါက်ကွဲမှုဖြစ်ပွား ဂေါက်ကယ်ရီသမားတစ်ဦးထိခိုက်ဒဏ်ရာရှိ

0
230

အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက်၊မြကန်သာဂေါက်ကွင်းတွင် ပေါက်ကွဲမှုဖြစ်ပွား ဂေါက်ကယ်ရီသမားတစ်ဦးထိခိုက်ဒဏ်ရာရှိ

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ မြကန်သာဂေါက်ကွင်းအတွင်း ဧပြီလ၉ရက်နံနက်၇နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဂေါက်ကယ်ရီသမားတစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သောအသိုင်းအဝိုင်းမှ သိရသည်။

“အသံကတော်တော်ကျယ်တယ်။မြေကြီးတောင်ချိုင့်ဝင်သွားတာ။ကယ်ရီသမားတစ်ယောက်လည်း ဒဏ်ရာရသွားတယ်။လုံခြုံရေးတပ်ဖွဲ့ကတော့ စစ်ဆေးရေးတွေလုပ်နေတာတွေ့တယ်´´ဟု ဂေါက်ကွင်းဝန်ထမ်းတစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်မှာ ဧပြီလ၉ရက်နေ့ နံနက်၇နာရီ ၁၀မိနစ်ကအင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ မြကန်သာဂေါက်ကွင်းအတွင်း ရှော့တိုက်ဒုံးဟု ယူဆရသော အရာဖြင့် ပစ်ခတ်ခဲ့သဖြင့် ဂေါက်ကွင်းအတွင်း ကျင်းအမှတ် (၁၈)နေရာအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မြေကြီးမှာ အလျား (၂.၅)ပေ၊ အနံ (၁)ပေခန့် ချိုင့်ဝင်မှုဖြစ်ပေါ်ခဲ့ပြီး ဂေါက်ကယ်ရီသမားတဦး ခါးထိမှန်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကာပေါက်ကွဲသည့်နေရာမှ အလျား (၄)လက်မ၊အချင်း(၅)လက်မရှိ သံပိုက်အပိုင်းအစ (၁)ခု တွေ့ရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here