သင်္ကြန်ကာလအတွင်း ရခိုင်ပြည်နယ်အတွင်းသို့ ပြည်တော်ပြန်ဝင်ရောက်သည့်သူ ရက်ဆက်များပြားလာ

0
146

သင်္ကြန်ကာလအတွင်း ရခိုင်ပြည်နယ်အတွင်းသို့ ပြည်တော်ပြန်ဝင်ရောက်သည့်သူ ရက်ဆက်များပြားလာ

သင်္ကြန်ကာလအတွင်း ပြည်ပနိုင်ငံအသီးသီးသို့ ထွက်ခွာအလုပ် လုပ်ကိုင်နေသူ ရခိုင်လူမျိုးအချို့မှာ ရခိုင်ပြည်နယ်တွင် ပြုလုပ်မည့် သင်္ကြန်ပွဲတော်အတွက် ပြည်တော်ပြန်ဝင်လာမှု ရက်ဆက် များပြားလျှက်ရှိကြောင်း သိရသည်။

ယမန်နေ့က ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သော ရခိုင်ပြည်နယ်အမ်းမြို့တွင်နေထိုင်သူ ရခိုင်လူမျိုး ကျား၁၃ ဦး၊ မ ၁၃ ဦး စုစုပေါင်း ၁၆ ဦးသည် အမ်းမြို့သို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။ အလားတူ ဧပြီ ၆ ရက်နေ့တွင်လည်း တရုတ်နိုင်ငံသို့ သွားရေက်အလုပ် လုပ်ကိုင်သူ ရခိုင်လူမျိုး ကျား၅ ဦး၊ မ ၄ ဦး စုစုပေါင်း ၉ ဦးတို့သည်လည်း ပြည်တော်ပြန်ဝင်လာခဲ့ကြသည်။

ထို့အပြင် ဧပြီ ၅ ရက်နေ့တွင် တရုတ်နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်သူ ရခိုင်လူမျိူး ကျား ၁၀ ဦး၊ မ ၁၀ ဦး စုစုပေါင်း ၂၀ ဦး တို့သည်လည်း ပြည်တော်ပြန်ဝင်လာခဲ့ကြကြောင်း သိရသည်။ အလားတူ ဧပြီ ၂ ရက်နေ့တွင်လည်း ရခိုင်လူမျိုးကျား ၃၇ ဦး၊ မ ၁၀ ဦး စုစုပေါင်း ၄၇ ဦးတို့သည်လည်း အသီးသီးနေရပ်သို့ ပြန်လာခဲ့ကြသည်။

“ဒီနှစ်က ရခိုင်ပြည်နယ်နေရာအတော်များများမှာ သင်္ကြန်ပွဲတွေ စည်စည်ကားကားပြုလုပ်ဖို့ရှိနေတာကြောင့် အရင်နှစ်တွေနဲက မတူ ပြန်ဝင်လာတယ်လို့ ထင်တယ်။ နှစ်စဥ်​​တော့ ဝင်နေကြဖြစ်ပေမယ့် ပြီးခဲ့တဲ့ ကိုဗစ်ကာလက တော့ အဝင် နည်းတာအမှန်ဘဲ။ နှစ်သစ်ကူးဆိုတော့လည်း အချို့က သင်္ကြန်ပျော်ဖို့ အချိုက မိဘဆွေမျိုး တွေ့ဖို့ လာတာမျိုးတွေ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် စစ်တွေ ဒေသခံတစ်ဦးက ဆိုသည်။

သင်္ကြန်မတိုင်မီ နောက်ရက်များတွင်လည်း ရခိုင်လူမျိုးများစုမှ ပြည်ပမှသော်လည်းကောင်း၊ ပြည်တွင်း အခြားမြို့များသို့ အလုပ်သွားရောက်လုပ်ကိုင်သူများပါ ဝင်ရောက်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။

သင်္ကြန်ကာလအတွင်း ရခိုင်ပြည်နယ် စစ်တွေ ၊ သံတွဲ တို့တွင် ပြည်တွင်းခရီးသွားလာရောက် လည်ပတ်သူများပြားလာခြင်းကြောင့် ဟိုတယ်၊ တည်ခိုးခန်းများ အပြည့်ဖြစ်နေကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here