ကလောမြို့နယ်တွင် မော်တော်ယာဉ်တစ်စီး ချောက်အတွင်း ထိုးကျခဲ့ပြီး ၂ဦးသေဆုံး၍ ၁၁ဦးဒဏ်ရာရ

0
152

ကလောမြို့နယ်တွင် မော်တော်ယာဉ်တစ်စီး ချောက်အတွင်း ထိုးကျခဲ့ပြီး ၂ဦးသေဆုံး၍ ၁၁ဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ဝက်ဖြူရေရွာအကျော်၊ ကလော-မိတ္ထီလာသွားလမ်း၊ (၁၄)မိုင် ငှက်ပျောတောအနီးချောက်အတွင်းသို့ ဧပြီလ၈ရက်နေ့က မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ထိုးကျခဲ့ပြီး ယာဉ်ပေါ်ပါလာသူများအနက် ၂ဦးသေဆုံး၍ ၁၁ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“ကားဝက်ဖြူရွာအကျော် ငှက်ပျောတောနားက ချောက်ထဲထိုးကျသွားတာ။အမျိုးသမီး၂ယောက်က ပွဲချင်းပြီးသေသွားတယ်။ဒဏ်ရာရတဲ့လူလည်းများတယ်။ဒေသအခြေစိုက် လူမှုရေးအသင်းတွေက ဒဏ်ရာရတဲ့လူတွေကို ကလောဆေးရုံကို ပို့ပေးခဲ့ပါတယ်´´ဟု လူမှုကူညီရေးဆောင်ရွက်ခဲ့သူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ဝက်ဖြူရေရွာအကျော်၊ ကလော-မိတ္ထီလာသွားလမ်း၊ (၁၄)မိုင် ငှက်ပျောတောအနီးတွင် ဧပြီလ၈ရက်က လွိုင်ကော်မြို့မှ ယာဉ်မောင်း ဦးမြင့်တင် မောင်းနှင်လာသည့် မော်တော်ယာဉ်သည် အရှိန်လွန်ကာ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသော ဖယ်ခုံမြို့နယ်နေ ဒေါ်တင်လှနှင့် လွိုင်ကော်မြို့နယ်နေ ဒေါ်ဝင်းဝင်းအေး (ခ) ဒေါ်မူတူးတို့သည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကာ ၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၃ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း လူမှုကူညီရေးဆောင်ရွက်သူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here