ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အဂတိအမှု နှစ်မှုအတွက် လာမည့်ရုံးချိန်းတွင် ခံပြသက်သေများစတင်စစ်ဆေးမည်

0
100

ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အဂတိအမှု နှစ်မှုအတွက် လာမည့်ရုံးချိန်းတွင် ခံပြသက်သေများစတင်စစ်ဆေးမည်

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်အား NLD ရုံးမြေနေရာချထားမှုတွင် အဂတိလိုက်စားသည်ဟုဆိုကာ စွဲဆိုထားသော အမှု နှစ်မှုအတွက် ဧပြီ ၂၂ ရက်ရုံးချိန်းတွင် တရားခံပြသက်သေများကို စစ်ဆေးကြားနာသွားမည်ဖြစ်သည်။

ယမန်နေ့ ဧပြီ ၈ရက်က အိုးဘိုအကျဥ်းထောင်တွင်း အထူးတရားရုံး၌ ဒေါက်တာဇော်မြင့်မောင်အား စစ်ဆေးခဲ့ကာ၊ ၎င်းအနေဖြင့် အဂတိလိုက်စားခြင်းမရှိကြောင်းထွက်ဆိုခဲ့သည်။

” ဒီမြေနေရာချာထားတဲ့ကိစ္စက သူလုပ်ပိုင်ခွင့်မရှိတဲ့ ကိစ္စမဟုတ်တဲ့အတွက်ကြောင့် သူနဲ့မဆိုင်ဘူး။ မဆိုင်တဲ့အတွက်ကြောင့်အဂတိလိုက်စားတာမျိုးလည်းမရှိဘူးလို့ ထွက်ဆိုခဲ့တယ်” ဟု ဆိုသည်။

ထို့အပြင် ဧပြီ ၂၀ ရက်နေ့တွင် မဲမသမာမှုဖြင့်စွဲဆိုထားသော အမှုနှစ်မှုအတွက်လည်းတရားခံပြသက်သေ များထွက်ဆိုရန်ရှိနေကြောင်းသိရသည်။

အဆိုပါ အမှုနှစ်မှုမှာ ပြင်ဦးလွင်မြို့နှင့်မြင်းခြံမြို့တို့တွင် NLD ရုံးတည်ဆောက်ရန် မြေနေရာချထားပေးရာ၌ အဂတိလိုက်စားသည်ဟုဆိုကာ စွဲဆိုထားသော အမှုတို့ဖြစ်ကြောင်းသိရသည်။

ယင်း အမှု နှစ်မှုအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅/၅၆တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်းသိရသည်။
ဒေါက်တာဇော်မြင့်မောင်အနေဖြင့် အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅/၅၆တို့ဖြင့်စွဲဆိုထားသော အဂတိအမှု ငါးမှု၊ ရွေးကောက်ပွဲတွင် မလျော်သြဇာသုံး၍ မဲမသမာပြုလုပ်သည်ဟုဆိုကာ စွဲဆိုထားသောအမှု နှစ်မှု၊ စုစုပေါင်း အမှုခုနှစ်မှုဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအမှုအားလုံးအတွက် စွဲချက်တင်အမိန့်များ အသီးသီးချမှတ်ထားပြီးဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here