စစ်ကိုင်းမြို့နယ် ညောင်ငုတ်တိုကျေးရွာရှိ မိဘမဲ့ဂေဟာမှစေတနာ့ဝန်ထမ်းဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရဟု နစက ထုတ်ပြန်

0
236

စစ်ကိုင်းမြို့နယ် ညောင်ငုတ်တိုကျေးရွာရှိ မိဘမဲ့ဂေဟာမှစေတနာ့ဝန်ထမ်းဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရဟု နစက ထုတ်ပြန်

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ညောင်ငုတ်တိုကျေးရွာရှိ “သစ္စာရွှေဂူ” ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် “မေတ္တာရိပ်” မိဘမဲ့ဂေဟာမှ စေတနာ့ဝန်ထမ်းဆရာမဒေါ်ဟေမာ(၄၈)နှစ်အား ဧပြီ ၆ ရက်ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က လက် နက်ကိုင်အဖွဲ့များက သေနတ်ဖြင့်ပစ်သတ်ခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်၌ မိဘမဲ့ဂေဟာမှ စေတနာ့ဝန်ထမ်းဆရာမဒေါ်ဟေမာတွင် ရင်အုံကျည်ထိမှန်ဒဏ်ရာ ၂ ချက် ၊ဆီးခုံကျည်ထိမှန်ဒဏ်ရာ ၂ ချက်၊ဝမ်းဗိုက်နှင့်ညာဒူးတို့တွင် ကျည်ထိမှန်ဒဏ်ရာတစ်ချက်စီ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်းသိရသည်။

အခင်းဖြစ်စဥ်များအား သတင်းအရ လာရောက်စစ်ဆေးသည့် လုံခြုံရေးအဖွဲ့ဝင်များအား လက် နက်ကိုင်အဖွဲ့ဝင်များက ကျေးရွာအဝင်၌ လက် လုပ်မိုင်း ၁၀ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီး သေ နတ်များဖြင့်လည်းဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် လုံ ခြုံရေးအဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့ဝင်များမှာ ညောင်ငုတ်တိုကျေးရွာ၏ အရှေ့မြောက်ဘက်သို့ထွက်ပြေးသွားခဲ့၍ ကျေးရွာအတွင်းဝင်ရောက်စစ်ဆေးရာမှ စေတနာ့ဝန်ထမ်းဆရာမဒေါ်ဟေမာ ကျည်ထိမှန်ဒဏ်ရာများဖြင့်သေဆုံးနေခြင်းအား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

အလားတူ “သစ္စာရွှေဂူ” ဘုန်းတော်ကြီးကျောင်းအတွင်း၌ သံဃာတော် ၄ ပါး၊သာမဏေ ၁၀ ပါး၊ဆရာ၊ ဆရာမ ၁၇ ဦး၊ကလေးငယ် ၆၄ ဦး၊ကိုယ်ဝန်ဆောင် ၁ ဦးနှင့်ကျေးရွာနေပြည်သူအချို့အားတွေ့ရှိရသဖြင့် ညောင်ငုတ်တိုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ယာယီနေရာချထားခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်ငုတ်တိုကျေးရွာရှိ နေအိမ် ၁၃ လုံးမှာပျက် စီးဆုံးရှုံးသွားခဲ့ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here