ရန်ကုန်မြို့ရှိ မြို့နယ်အချို့အား သင်္ကြန်ရုံးပိတ် ရက်အတွင်း အချိန်ပိုင်းဖြင့်ရေပေးဝေမည်

0
169

ရန်ကုန်မြို့ရှိ မြို့နယ်အချို့အား သင်္ကြန်ရုံးပိတ် ရက်အတွင်း အချိန်ပိုင်းဖြင့်ရေပေးဝေမည်

ရန်ကုန်မြို့ရှိ မြို့နယ်အချို့အား ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ သင်္ကြန်ရုံးပိတ်ရက်အတွင်း ရေပြတ်လပ်မှုမရှိစေရန် အချိန်ပိုင်းဖြင့်ရေပေးဝေသွားမည်ဟု သိရသည်။

ထိုသို့ ပေးဝေခြင်းအား ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)မှဧပြီ ၁၆ ရက်(သင်္ကြန်အတက်နေ့)အထိပြုလုပ်သွားမည်ဖြစ်ကာ ဧပြီ ၁၇ ရက်(နှစ်ဆန်း တစ်ရက်နေ့)မှစတင်၍ ပုံမှန်ရေပေးသည့်အချိန်များအတိုင်း ပြန်လည်ပေးဝေသွားမည်ဖြစ် သည်ဟု သိရသည်။

အချိန်ပိုင်းဖြင့် ရေပေးဝေရာတွင် လမ်းမတော်၊လသာ၊ကျောက်တံတား၊ပန်းဘဲတန်း၊ဗဟန်းနှင့်ဒဂုံမြို့နယ်တို့အား နံနက် ၈ နာရီမှနံနက် ၁၁ နာရီအထိ၊ ညနေ ၃ နာရီမှည ၆ နာရီအထိ တစ်ကြိမ် နှစ်ကြိမ်ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်၊

အလားတူ အလုံ၊စမ်းချောင်းနှင့်ကြည်မြင့်တိုင်မြို့ နယ်တို့အား နံနက် ၈ နာရီမှနံနက် ၁၀ နာရီအထိတစ်ကြိမ် ရေပေးဝေပေးသွားမည်ဖြစ်သည်။

ဗိုလ်တထောင်၊ပုစွန်တောင်၊မင်္ဂလာတောင်ညွှန့်၊တာမွေ၊ရန်ကင်း၊မရမ်းကုန်း၊ကမာရွက်၊အင်းစိန်၊မင်္ဂလာဒုံ၊လှိုင်၊လှိုင်သာယာ၊ရွှေပေါက်ကံ၊မြောက်ဥက္ကလာ၊တောင်ဥက္ကလာ၊ဒဂုံမြောက်ပိုင်း၊ဒဂုံတောင်ပိုင်း၊ဒဂုံအရှေ့၊ဒဂုံဆိပ်ကမ်း၊သင်္ကန်းကျွန်း ၊သာကေတနှင့်ဒေါပုံမြို့နယ်တို့ကိုမူ ပုံမှန်ရေပေးဝေနေသည့်အချိန်များအတိုင်းပေးဝေသွားမည်ဟု သိရသည်။

ထိုသို့ ရေပေးချိန်အတွင်း ရေပိုက်များအရေးပေါ်ပြင်ဆင်ရန်လိုအပ်ပါက သက်ဆိုင်ရာမြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ကျ(ရေ/သန့်)ဝန်ထမ်းများထံ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

အလားတူ အရေးတကြီးအကူအညီလိုအပ်ပါကလည်း ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ဖုန်း(၀၉-၅၀၈၇၀၆၄ ၊ ၀၉-၅၀၅၁၉၈၆ ၊ ၀၉-၅၁၃၃၂၀၂ ၊ ၀၉-၅၀၈၇၆၇၇)တို့ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here