ကျန်ရှိသည့်သွင်းကုန်လိုင်စင်လျှောက်ထားမှုများအား သင်္ကြန်ရုံးပိတ်ရက်များ၌ စီစစ်ထုတ်ပေးမည်

0
360

ကျန်ရှိသည့်သွင်းကုန်လိုင်စင်လျှောက်ထားမှုများအား သင်္ကြန်ရုံးပိတ်ရက်များ၌ စီစစ်ထုတ်ပေးမည်

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များမှ မတ် ၃၁ ရက်မတိုင်မီ ပင်လယ်ရေကြောင်း၊လေဆိပ်တို့မှ သွင်း ကုန်လိုင်စင်လျှောက်ထားမှုများမှ ခွင့်ပြုထုတ်ပေးရန်ကျန်ရှိသည့် လိုင်စင်များအား သင်္ကြန်ရုံးပိတ် ရက်များ၌ စီစစ်ထုတ်ပေးသွားမည်ဟု ကုန်သွယ်ရေးဦးစီးဌာနမှအသိပေးကြေညာခဲ့သည်။

ထိုသို့ ထုတ်ပေးရာတွင် ကုန်သွယ်ရေးဦးစီးဌာနမှ ဧပြီ ၉ ရက်နေ့မှစတင်ကာ Myanmar Tradenet 2.0 စနစ်ဖြင့် ဆောင်ရွက်၍စီစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်၌ရေး သားထားသည်။

ထို့ကြောင့် သွင်းကုန်လိုင်စင်များလျှောက်ထားရာ တွင် အခက်အခဲများရှိပါက သင်္ကြန်ရုံးပိတ် ရက်ရုံးချိန်အတွင်း ပို့/သွင်းရုံး(နေပြည်တော်)ဖုန်း 067-3408710 , 067-3408487 / 095024821 နှင့် email လိပ်စာဖြစ်သည့် [email protected] သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးကြေ ညာခဲ့သည်။

အလားတူ ပို့/သွင်းရုံး(ရန်ကုန်)ဖုန်း 01-8254536 / 09457106339 နှင့် email လိပ်စာဖြစ်သည့် [email protected] သို့လည်းဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှအသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here