မဟာရန်ကုန်စံပြသဘင် ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ဟန်ဇာမိုးဝင်း ကြေညာ

0
261

မဟာရန်ကုန်စံပြသဘင် ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ဟန်ဇာမိုးဝင်း ကြေညာ

နိုင်ငံကျော် ဇာတ်မင်းသားကြီး ဦးမိုးဝင်း ဦးစီးသည့် မဟာရန်ကုန်စံပြသဘင် ဇာတ်အဖွဲ့ကို ရပ်နားလိုက်ပြီဖြစ်ကြောင်း ဧပြီ ၉ ရက်နေ့တွင် ဟန်ဇာမိုးဝင်းက သူ၏ ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာမှတဆင့် ကြေညာလိုက်သည်။

အဆိုပါ ဇာတ်သဘင်ကြီးတွင် ဇာတ်မင်းသားကြီး ဦးမိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း၊ တင်ဇာမိုးဝင်းတို့က ဖျော်ဖြေကပြခဲ့ကြပြီး၊ အောင်မြင်ကျော်ကြား လူသိများခဲ့သည့် ဇာတ်သဘင်တစ်ခုလည်း ဖြစ်သည်။

မဟာရန်ကုန် စံပြဇာတ်သဘင်ကြီးကို ၁၉၃၃ ခုနှစ်တွင် ဟန်ဇာမိုးဝင်း၏အဖိုးဖြစ်သူ စိန်မာဒင်က “ မဟာရန်ကုန် စံပြသဘင် စိန်မာဒင်” အမည်ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here