မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးအား နိုင်ငံတကာစံညွှန်းများနှင့်အညီ အဆင့်မြှင့်ပေးမည်ဟု နစက ဥက္ကဋ္ဌပြော

0
161

မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးအား နိုင်ငံတကာစံညွှန်းများနှင့်အညီ အဆင့်မြှင့်ပေးမည်ဟု နစက ဥက္ကဋ္ဌပြော

ရှမ်းပြည်(မြောက်ပိုင်း)၊အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာဝန် ထမ်းများနှင့်မြို့မိမြို့ဖများအား ဧပြီ ၉ ရက်က လားရှိုးမြို့၌ နစက ဥက္ကဋ္ဌတွေ့ဆုံစဥ် ဒေသခံများတင်ပြသည့် လိုအပ်ချက်များနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသခံများက လားရှိုးမြို့ပြင်နှင့်မြို့တွင်းလမ်း ပန်းဆက်သွယ်မှုကောင်းမွန်စေရေးအတွက် အ ဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုကြောင်း နစက ဥက္ကဋ္ဌထံတင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ တင်ပြမှုအား နစက ဥက္ကဋ္ဌက မန္တလေး -လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးသည် နေ့စဉ်ကားများစွာ သွားလာလျက်ရှိသဖြင့် နိုင်ငံတကာစံညွှန်းများနှင့်အညီ သတ်မှတ်ကာလအလိုက်အဆင့်မြှင့်တင်ပေးသွားမည်ဟုပြော သည်။

ထို့ပြင် လားရှိုးမြို့နယ်အတွင်းရှိ ရေအရင်းအမြစ်များအားအသုံးပြု၍ သုံးရေရရှိနိုင်ရေးကိုဦးစွာဆောင်ရွက်ပြီး သောက်ရေအတွက်ပြန်လည်သန့် စင်နိုင်ရေးအားဆောင်ရွက်ပေးသွားမည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“ဂုတ်တွင်းတံတားတည်ဆောက်ပေးဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ် ဒေသခံတွေအနေနဲ့ လမ်းကောင်းဖို့အတွက် လမ်းတွေစနစ်တကျရှိအောင် ထိန်းသိမ်းဖို့အတွက် စည်ပင်ဝန်ထမ်းတွေအပြင် မြို့နေပြည်သူတွေကလည်း စည်းကမ်းစ နစ်တကျနဲ့အမှိုက်စွန့်ပစ်တာ၊အမှိုက်ကောက်တာနဲ့ နေအိမ်အလိုက်၊လမ်းအလိုက်သန့်ရှင်းသပ်ရပ်အောင်နေထိုင်ရင် မြို့သာယာလှပလာမှာဖြစ်တာကြောင့် စည်းကမ်းစနစ်တကျနဲ့ ထိန်းသိမ်းကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here