မြင်းခြံမြို့နယ်၌ ရေတွင်းထဲပြုတ်ကျနေသူအား အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့

0
166

မြင်းခြံမြို့နယ်၌ ရေတွင်းထဲပြုတ်ကျနေသူအား အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊အမှတ်(၃)ရပ်ကွက်နေ အမျိုးသားတစ်ဦး ဧပြီ ၁၀ ရက်(ယနေ့)နံနက်ပိုင်းက ရေတွင်းထဲပြုတ်ကျခဲ့သည်ဟု မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။

အမှတ်(၃)ရပ်ကွက်၊နယ်မြေ(၃)တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် နံနက် ၆ နာရီ ၃၂ မိနစ်ခန့်က ရေတွင်းထဲသို့ပြုတ်ကျသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပြုတ်ကျသွားသူအား မြင်းခြံခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ကူညီကယ်ဆယ်ခဲ့ကြသဖြင့် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here