ကော့သောင်းမြို့သို့ မြန်မာနိုင်ငံသား ၁၅၃ ဦးပြန်လည်ဝင်ရောက်လာ

0
561

ကော့သောင်းမြို့သို့ မြန်မာနိုင်ငံသား ၁၅၃ ဦးပြန်လည်ဝင်ရောက်လာ

ထိုင်းနိုင်ငံအတွင်း၌ အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီး၍ ပြန်လည်လွတ်မြောက်လာခဲ့သည့် မြန်မာနိုင်ငံသား ၁၅၃ ဦး ဧပြီ ၉ ရက်မွန်းတည့် ၁၂ နာရီက ကော့သောင်းမြို့သို့ပြန်လည်ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။

အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ရနောင်းမြို့နယ်အုပ်ချုပ်ရေးမှူး Mr. Somkiat Srisanate ၊နယ်ခြားကော်မတီမှတာဝန်ရှိသူများ၊ရနောင်းခ ရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှတာဝန်ရှိသူများ၊နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှတာဝန်ရှိသူများက ပဲ့ချိတ်လှေ ၉ စီးဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ကော့သောင်းမြို့သို့ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများမှာ အမျိုးသား ၈၃ ဦး၊အမျိုး သမီး ၅၈ ဦး၊ကလေး ၁၂ ဦး(စုစုပေါင်း ၁၅၃ ဦး) ဖြစ်ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများသည် ရနောင်းခရိုင်၊လူဝင်မူ့ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်များကျခံပြီး မြန် မာနိုင်ငံသို့ပြန်ရန် စောင့်ဆိုင်းနေသူများဖြစ်သည်။

ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ကော့သောင်းမြို့ရှိ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)- ရွှေ့ပြောင်းအ လုပ်သမားအရင်းမြစ်စင်တာ(MRC)မှမုန့်၊အချိုရည်ဘူး၊သောက်ရေသန့်ဘူး၊နှာခေါင်းစည်း၊လက်သန့်ဆေးရည်၊ခြေညှပ်ဖိနပ်များအားပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here