ကမ်းရိုးတန်းသွား သင်္ဘောများ အသုံးပြု၍ ကုန်သွယ်နိုင်ရေး မြန်မာ-အိန္ဒိယဆွေးနွေး

0
127

ကမ်းရိုးတန်းသွား သင်္ဘောများ အသုံးပြု၍ ကုန်သွယ်နိုင်ရေး မြန်မာ-အိန္ဒိယဆွေးနွေး

ကမ်းရိုးတန်းသွား သင်္ဘောများ အသုံးပြု၍ Transit Trade ဆောင်ရွက် နိုင်မည့်အခြေအနေနှင့်စပ်လျဉ်းပြီး မြန်မာ-အိန္ဒိယတာဝန်ရှိသူတို့ ယခုရက်ထဲမှာပင် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း စီးပွါးကူးသန်းသတင်းများအရသိရသည်။

အထက်ပါအကြောင်းအရာနှင့်ပတ်သတ်ပြီးဆွေးနွေးမှုအား နစကစီးပွါးကူးသန်းပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဗီနေးကူးမားတို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး တို့သည် ယင်းအကြောင်းအရာအပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် နယ်စပ် ကုန်သွယ်မှုတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကိုပါ ဆွေးနွေးခဲ့ကြကြောင်းလည်းသိရသည်။

ကမ်းရိုးတန်းသွား သင်္ဘောများ အသုံးပြု၍ Transit Trade ဆောင်ရွက် နိုင်မည့်အခြေအနေအပြင် အကောက်ခွန် နှုန်းထား သတ်မှတ်ရေးကိစ္စရပ်များလည်း ထည့်သွင်းဆွေးနွေးကြကြောင်း စီးပွါးကူးသန်းသတင်းများအရသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here