ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် သတ်မှတ်အခကြေးငွေထက်ပိုမိုပေးချေရပါက တိုင်ကြားနိုင်

0
152

ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် သတ်မှတ်အခကြေးငွေထက်ပိုမိုပေးချေရပါက တိုင်ကြားနိုင်

ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန်သွင်းကုန် လိုင် စင်/ပါမစ်များလျှောက်ထားရာတွင် တရားမဝင်မမှန်မကန်ဆောင်ရွက်သည့် ကိစ္စများနှင့်သတ်မှတ်အခကြေးငွေထက်ပိုမိုပေးချေရခြင်းများရှိပါက တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များအား အသိပေးကြေညာခဲ့သည်။

ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ် လျှောက်ထားမှုများအား သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာ၌ ဥပဒေစည်းမျဉ်း လုပ် ထုံးလုပ်နည်းများနှင့်မညီသည့် လိုင်စင်/ပါမစ်လျှောက်ထားမှုများအား လက်ခံ ဆောင်ရွက်ပေးခြင်းနှင့်ခွင့်ပြုပေးခြင်းများအား ပြုလုပ်ပေးသွားမည်မဟုတ်ကြောင်း အသိပေးကြေညာချက်၌ ရေးသားထားသည်။

ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ်လျှောက်ထားရာ၍ လိုင်စင်ကြေးအပါအဝင် တရားဝင်ပေးသွင်းရသည့် အခကြေးငွေများအား TradeNet 2 . 0 စနစ်တွင် e – payment စနစ်ဖြင့် ပေးသွင်းဆောင်ရွက်ပြီးခြင်းကြောင့် အခြားမည်သည့်အခကြေးငွေမျှထပ်မံပေးသွင်းရန်မလိုကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှအသိပေးကြေညာခဲ့သည်။

ထို့ကြောင့် လာဘ်လာဘနှင့်မလိုလားအပ်သည့် တံစိုးလက်ဆောင်များအား အခြားနည်းတစ်နည်းနည်းဖြင့်ပေးအပ်ခြင်း၊လက်ခံခြင်းတို့အား လုံးဝ(လုံးဝ)မပြုလုပ်ရန် အသိပေးရေးသားထား သည်။

အလားတူ ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ်လျှောက်ထားရာ၌ နိုင်ငံတော်သို့ပေးဆောင်ရမည့် အခကြေးငွေအပြင် သီးခြားတောင်းခံမှု၊အပို ကြေးပေးချေရမှုများရှိပါက ကုန်သွယ်ရေးဦးစီးဌာန၏ ဖုန်းနံပါတ်များနှင့် email များသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးကြေညာခဲ့သည်။

တိုင်ကြားလိုပါက ညွှန်ကြားရေးမှူးချုပ် ဖုန်း ၀၆၇-၃၄၀၈၄၀၄ ၊ ၀၉-၂၅၇၁၆၈၈၇၂ နှင့် email လိပ်စာဖြစ်သည့် [email protected] ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုန်သွယ်ရေး)ဖုန်း၀၆၇-၃၄၀၈၄၈၃ ၊ ၀၉-၆၉၇၇၃၃၇၉၄ နှင့် email လိပ်စာဖြစ်သည့် [email protected] ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(လွယ်ကူ/စေ့စပ်)ဖုန်း ၀၆၇-၃၄၀၈၃၂၄ ၊ ၀၉-၄၂၂၁၉၀၉၉၉ နှင့် email လိပ်စာဖြစ်သည့် [email protected] တို့သို့တက်သွယ်နိုင်ကြောင်း ထုတ်ပြန်အသိပေးကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here