လှည်းကူးမြို့နယ်ရှိ ဆည်မြောင်းအတွင်းရေနစ်ပျောက်ဆုံးခဲ့သည့်အမျိုးသမီးငယ်ရုပ်အလောင်းအား ၃ ရက်အကြာ၌ပြန်တွေ့

0
113

လှည်းကူးမြို့နယ်ရှိ ဆည်မြောင်းအတွင်းရေနစ်ပျောက်ဆုံးခဲ့သည့်အမျိုးသမီးငယ်ရုပ်အလောင်းအား ၃ ရက်အကြာ၌ပြန်တွေ့

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၃ မိုင်အနီးငါးဆူတောင်ကျေးရွာအနီးရှိ ဆည်မြောင်းအတွင်း ဧပြီ ၉ ရက်နေ့လည် ၃ နာရီခန့်က အသက်(၁၇)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးငယ်ရေနစ်ပျောက်ဆုံးမှုအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်ပတ်ဝန်ကျင်နေသူများက စတင်ရေနစ်ပျောက်ဆုံးခဲ့သည့် အချိန်မှစ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

“အဲဒီကလေးမ ရေနစ်ပျောက်ဆုံးသွားလို့ ကူညီရှာဖွေပေးဖို့ သူ့မိဘတွေနဲ့ပတ်ဝန်းကျင်ကလူတွေက ကျွန်တော်တို့ဆီကိုဆက်သွယ်အကူအညီတောင်းတာကြောင့် စဖြစ်တဲ့အချိန်ကနေ နေ့ညရှာဖွေရေးလုပ်ငန်းတွေကို အင်အားအပြည့်နဲ့လုပ်ခဲ့ကြပါတယ်”ဟုပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ထိုသို့ ရှာဖွေရာတွင်အဖွဲ့နှစ်ဖွဲ့ခွဲ၍ ရှာဖွေရေးလုပ် ငန်းများဆောင်ရွက်ခဲ့ကြပြီး ရေစီးသန်မှုကြောင့် ရေကျသည့်အချိန်အားစောင့်၍ ရှာဖွေရေးလုပ် ငန်းများအား စဥ်ဆက်မပျက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ နေ့ညမပျက်ရှာဖွေရေးလုပ်ငန်းများပြု လုပ်ခဲ့ကြသဖြင့် ရေနစ်ပျောက်ဆုံးခဲ့သည့် အမျိုး သမီးငယ်၏ ရုပ်အလောင်းအား ဧပြီ ၁၁ ရက်နံ နက် ၈ နာရီ၌ လှည်းကူးမြို့နယ်၊ကလီထှော်ကျေး ရွာရှိ လက်ယာဆိုင်ဖွန်ရေလွတ်မြောင်းအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ရသည်။

“ကလေးမလေးရဲ့ ရုပ်အလောင်းကိုပြန်တွေ့ပါပြီ ရှာဖွေရေးလုပ်ငန်းက နှစ်ရက်နဲ့တစ်မနက်လောက်ကြာသွားတယ် ရေစီးသန်တာကြောင့် ရှာဖွေရေးလုပ်ရတာအခက်အခဲလေးတွေတော့ရှိတာပေါ့”ဟုလှည်းကူးမြို့နယ်အခြေစိုက် လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here