သင်္ကြန်ရုံးပိတ်ရက်အတွင်း ဆိပ်ကမ်းဝန်ဆောင်မှုများအားပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည်

0
121

သင်္ကြန်ရုံးပိတ်ရက်အတွင်း ဆိပ်ကမ်းဝန်ဆောင်မှုများအားပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည်

သင်္ကြန်ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၉ ရက်မှ ၁၇ ရက်အထိ ဆိပ်ကမ်းဝန်ဆောင်မှုများအား ပိတ်ရက်မရှိ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှအသိပေးကြေညာခဲ့သည်။

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ ပုံမှန်လည် ပတ်နိုင်ရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်ရန်ကုန်ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများအား လုံး၏ ဆိပ်ကမ်းဝန်ဆောင်မှုများကိုဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ရေကြောင်းဌာနမှ အပြည်ပြည်ဆိုင်ရာကုန်သွယ်သင်္ဘောကြီးများအား ပိတ်ရက်မရှိ နေ့/ည(၂၄/၇) အန္တရာယ် ကင်းစွာ ဝင်/ထွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သင်္ကြန်ရုံးပိတ်ရက်အတွင်း ရေယာဉ်ကြီးများ အရေးပေါ်ဝင်/ထွက်/ရွှေ့ပြောင်းရန်လိုအပ်ပါက ရေကြောင်းဌာနမှူးချုပ်၊ဖုံး – ၀၉၅၀၀၁၆၂၁ သို့ဆက်သွယ်ပါက စီစဉ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ကိုယ်စား လှယ်လုပ်ငန်းဌာနမှလည်း ဧပြီ ၁၁ ရက်၊ ၁၃ ရက်နှင့် ၁၅ ရက်များ၌ ရုံးချိန်အတွင်း Delivery Order (DO)များအားထုတ်ပေးသွားမည်ဖြစ်ကာ သွင်း ကုန်ပစ္စည်းများ အမြန်ထုတ်ယူနိုင်ရေးနှင့်ပို့ကုန် ပစ္စည်းများ အဆင်ပြေချောမွေ့ စွာတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လိုအပ်ပါက ကိုယ်စားလှယ်လုပ်ငန်းဌာန၏ ဒုတိယအထွေထွေမန်နေဂျာ ဖုန်း ၀၉၅၁၁၇၁၀၂ ၊ မန်နေဂျာ၊ ဌာနခွဲ(၁)ဖုန်း ၀၉၂၅၀၂၇၈၇၆၃ ၊ မန်နေဂျာ၊ဌာနခွဲ(၂)ဖုန်း ၀၉၉၇၅၂၃၂၉၉၉ ၊ မန်နေဂျာ၊ဌာနခွဲ(၃)ဖုန်း ၀၉၄၄၈၀၁၇၄၃၇ တို့သို့ဆက်သွယ်နိုင်ကြောင်း အသိပေးကြေညာခဲ့သည်။

ထို့ပြင် ကုန်သေတ္တာ တင်ပို့/ထုတ်ယူခြင်းလုပ်ငန်းများပြုလုပ်ရာတွင်လည်း ကုန်သေတ္တာဆိပ်ကမ်းတံတားအလိုက် အေးရှားဝေါလ်/ထီးတန်းဆိပ် ကမ်းတံတား(AWPT/HPT)ဖုန်း ၀၉၂၅၄၀၂၁၆၆၀ ၊ ၀၉၄၂၁၀၂၉၃၂၅ နှင့် ၀၉၅၄၂၀၁၁၁ ၊ မြန်မာ့စက်မှုဆိပ်ကမ်းတံတား (MIP)ဖုန်း ဝ၉၄၂၁၀၁၄ဝ၃၅ နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတံတားသီလဝါ(MITT)ဖုန်း ၀၉၉၇၇၂၄၆၈၀၈ ၊ ၀၉၉၇၇၂၄၆၆၈၀ တို့သို့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှထုတ်ပြန်အသိပေးကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here