မြန်မာ့ကော်ဖီအား ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်ခုရရှိစေရေးအတွက်လုပ် ငန်းရှင်များအား ကူညီသွားမည်

0
111

မြန်မာ့ကော်ဖီအား ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်ခုရရှိစေရေးအတွက်လုပ် ငန်းရှင်များအား ကူညီသွားမည်

မြန်မာ့ကော်ဖီအား ကမ္ဘာ့စျေးကွက်တွင် အခိုင်အ မာနေရာတစ်ခုရရှိစေရေးအတွက် အစိုးရ၊လုပ် ငန်းရှင်များလက်တွဲဆောင်ရွက်ရမည်နှင့်ပတ် သက်၍ နစက ဥက္ကဋ္ဌမှ မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား ဧပြီ ၁၀ ရက်က တပ်မတော်ဧည့်ဂေဟာ၌တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“အရင်တပ်မတော်အစိုးရလက်ထက်ကစပြီးကော်ဖီစိုက်ပျိုးမှုစီမံကိန်းကို ဆောင်ရွက်ခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ကော်ဖီစိုက်ပျိုးမှုနှင့်သောက်သုံးမှုအား ယခင်က ဥရောပနိုင်ငံများတွင်သာများပြားခဲ့ပြီး လက်ရှိအချိန်တွင် အာရှနိုင်ငံများ၌ ကော်ဖီအား အဓိကထားစိုက်ပျိုးသောက်သုံးလာကာ ပြင်ဦးလွင်ကော်ဖီသည် ယခင်ကပင် အနံ့အရသာနှင့်ပြည့်စုံပြီး နာမည်ရရှိပြီးဖြစ်သည့် ကော်ဖီအမျိုးအစား တစ်ခုဖြစ်သည်ဟုပြောသည်။

ကော်ဖီစိုက်ပျိုးရာ၌ အရိပ်ရနှင့်အရိပ်မဲ့ စိုက်ပျိုးမှု ဟူရှိကာ မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲလာမှုအားထိန်းသိမ်းနိုင်ရန်နှင့်သစ်တောသစ်ပင် စိမ်း လန်းစေရေးအတွက် အရိပ်ရကော်ဖီစိုက်ပျိုးရန် ပြင်ဦးလွင်မြို့နယ်၌ စီမံကိန်းအကောင်အထည် ဖော်၍ မြေဧရိယာများချမှတ်ဆောင်ရွက်ပေးခဲ့သည်ဟုပြောသည်။

“မြေဧရိယာတွေ ချမှတ်ပေးခဲ့ရာမှာ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာတွေရှိသ လို လုပ်ငန်းဆောင်ရွက်မှုမရှိတာတွေကိုလည်း စီစစ်တွေ့ရှိရပါတယ် အဲဒီလိုလုပ်ငန်းဆောင်ရွက်မှုမရှိတာတွေကို စည်းကမ်းနဲ့အညီ ဆောင်ရွက်သွားမှာပါ နောက်ပြီး လုပ်ငန်းဆောင်ရွက်ပေမယ့်လည်း တရားမဲ့နေထိုင်တာတွေ သဘာဝဘေး အ န္တရာယ်တွေကြောင့် ထိခိုက်နစ်နာပျက်စီးခဲ့တာတွေကိုလည်း ပြန်လည်စိစစ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ကျူးကျော်မှုများဖြစ်ပေါ်ခြင်းသည် သတ်မှတ်ကာလအတွင်း စိုက်ပျိုးဧရိယာအတွင်း၌ လုပ်ငန်းဆောင်ရွက်မှုမရှိခဲ့ခြင်းကြောင့်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် မှန်မှန်ကန်ကန်အသုံးချဆောင်ရွက်ရမည်ဖြစ်ကာ စည်းကမ်းနှင့်မညီညွတ်သည့် ခွင့်ပြုမြေဧရိယာများအား ပြန်လည်သိမ်းဆည်းကာ စနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကော်ဖီစီမံကိန်းအား စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူ၍ အောင်မြင်မှုရှိအောင် ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဦးစီးဌာနများအနေဖြင့် လုပ်ငန်းများတစ်ခုနှင့်တစ်ခု ဆက်စပ်၍ မူဝါဒများချမှတ်အကောင်အထည်ဖော်ခြင်း၊ကြီးကြပ်ကွပ်ကဲခြင်းများဆောင်ရွက်ရန် ရုံးလုပ်ငန်းဆိုင် ရာများအား စနစ်တကျလုပ်ဆောင်ကြရမည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“ကော်ဖီစိုက်ပျိုးမှုနဲ့ပတ်သက်ရင် သာမာန်စိုက် ပျိုးမှုနဲ့ ကျေနပ်မနေဘဲ စနစ်ကျတဲ့ စိုက်ပျိုးမှုစနစ်ရှိရမှာဖြစ်သလို လိုအပ်တဲ့သွင်းအားစုတွေကို လည်း မှန်မှန်ကန်ကန်ထည့်သွင်းပေးမှသာ အရည် အသွေးကောင်းမွန်တဲ့ ကော်ဖီရရှိမှာဖြစ်ပြီး ကော် ဖီထုတ်ကုန်တွေကို ဈေးကွက်ရရှိရေးနဲ့ အရည် အသွေးမြင့်ထုတ်ကုန်ဖြစ်ရေးအတွက် အစိုးရက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်သလို လိုအပ်တဲ့အရင်းအနှီးတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တာကြောင့် အမှန်တကယ် အောင်မြင်ပြီး မြန်မာ့ကော်ဖီ(Myanmar Coffee Brand)ကို ကမ္ဘာ့ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားသည်။

လုပ်ငန်းဆောင်ရွက်မှုအား အနှောင့်အယှက်ပေးနေမှုများနှင့်ဒေသလုံခြုံရေး ထိခိုက်ပျက်စီးစေရေးလုပ်ဆောင်နေမှုများတို့အား ဌာနဆိုင်ရာဝန် ထမ်းများ၊လုပ်ငန်းရှင်များနှင့်ဒေသခံများက လက်တွဲညီညီဖြင့် ဆောင်ရွက်ကြရန်လိုအပ်သည်ဟုပြောသည်။

“ဒေသထုတ်ကုန်၊ထွက်ကုန်တွေကို ပြည်တွင်း၊ပြည်ပဈေးကွက်အတွင်းမှာ အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချပြီး ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အ ထောက်အကူဖြစ်စေဖို့၊ နိုင်ငံတော်ရဲ့စီးပွားရေး ကောင်းမွန်မှုကိုဖြစ်ပေါ်စေဖို့အတွက် နိုင်ငံ တဝှမ်းမှာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အရင်အပတ်ကလည်း ရှမ်းပြည်(တောင်ပိုင်း)က နောင်တရားမြို့နယ်မှာ လက်ဖက်အချိုခြောက်နဲ့ သစ်သီးအ ခြောက်ခံစက်ရုံကိုဖွင့်လှစ်ပေးခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပြီးခဲ့သည့်မတ်လက သစ်​တောဦးစီးဌာနက ​ကော်ဖီစိုက်ဧရိယာတွင်း လုပ်ငန်း​ဆောင်ရွက်မူမရှိ​သေးသူများအား အ​ကြောင်းစာပို့ခဲ့​ကြောင်းနှင့်စိုက်ပျိုးရန်ကျန်​နေသူများက လာမည့်မိုးရာသီ ၊စက်တင်ဘာတွင်အပြီးစိုက်ပျိုးမည့် ဝန်ခံချက်များ​ပေးထားရသည်ဟု​ဒေသခံတဦးက ​ပေါ်ပြူလာသို့​ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here