အခြေခံပညာကျောင်းများ၏ စာမေးပွဲအောင် စာရင်းများအား ဧပြီ ၂၄ ရက်၌ထုတ်ပြန်မည်

0
203
အခြေခံပညာကျောင်းများ၏ စာမေးပွဲအောင် စာရင်းများအား ဧပြီ ၂၄ ရက်၌ထုတ်ပြန်မည်
အခြေခံပညာကျောင်းများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဖြေဆိုပြီးဖြစ်သည့် အတန်း တင်စာမေးပွဲများအတွက် အောင်စာရင်းများအား ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဟု ပညာရေးအသိုင်းအဝိုင်းမှသိရသည်။
ကျောင်းတွင်းစစ်စာမေးပွဲများ၏ အောင်စာရင်းများထုတ်ပြန်ကြေညာပေးရာတွင် အခြေခံပညာကျောင်းများ၌လည်း အောင်စာရင်းစာရွက်များအားကပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ကျောင်းအုပ်ဆရာမကြီးကတော့ပြောတယ် ဧပြီ ၂၄ ရက်နေ့မှာအောင်စာရင်းတွေကပ်မယ်ဆိုတာကို ပုံမှန်ထက်တော့နည်းနည်းနောက်ကြတယ်ပေါ့ အရင်ကဆိုရင်သင်္ကြန်ပြီးရင်အောင်စာရင်းတွေထွက်ပြီလေ”ဟုကျောင်းဆရာမတစ်ဦးကပြောသည်။
အောင်စာရင်းများထုတ်ပြန်ပေးရန် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများမှ အခြေခံပညာကျောင်းအုပ်ကြီးများ၊တာဝန်ခံကျောင်းအုပ်ကြီးများအား လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ထားရန်ညွှန်ကြားထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here