ရွှေဘိုမြို့တွင် မိုင်းပေါက်ကွဲ၍ အမျိုးသမီးနှစ်ဦးအား ထိမှန်ခဲ့ကာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်

0
220

ရွှေဘိုမြို့တွင် မိုင်းပေါက်ကွဲ၍ အမျိုးသမီးနှစ်ဦးအား ထိမှန်ခဲ့ကာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်


စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့၊ အမှတ်(၁) ရပ်ကွက်၊ဘူတာ(က)ရပ်တွင် ဧပြီ၁၈ရက်နံနက်၄နာရီခွဲက မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးအား ထိမှန်ခဲ့ကာ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“မနက်အစောကြီးကို ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ဆွမ်းချက်ဖို့လာတဲ့ မိန်းကလေးနှစ်ယောက် ဒဏ်ရာရပြီး တစ်ယောက်ကနေရာတင်သေသွားတယ်။ဒဏ်ရာရတဲ့နောက်တစ်ယောက်လည်း ဒဏ်ရာတော်တော်ပြင်းတယ်´´ဟု ရွှေဘိုမြို့ခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့၊ အမှတ်(၁) ရပ်ကွက်၊ဘူတာ (က)ရပ်နေ မသီတာဝင်းနှင့် မငယ်(ခ)မနွေးနွေးမိုးဝင်း တို့ သည် ဧပြီ၁၈ရက်နံနက် ၄နာရီခွဲက ကျားကျောင်းဘုန်းကြီးကျောင်းသို့ ဆွမ်းချက်ရန်ထွက်လာစဉ် အမှတ် (၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၏ နေအိမ်အဝင်လမ်းထိပ်သို့ အရောက်တွင် အမည်မသိသူများထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့မှုကြောင့် မသီတာဝင်းမှာ စိုးရိမ်ရဒဏ်ရာများဖြင့်လည်းကောင်း၊မငယ်(ခ)မနွေးနွေးမိုးဝင်းမှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here