ဓါးမြလာတိုက်သူကို ဝင်လုံးရာမှတဆင့် ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ သေနတ်ထိမှန်သွား၍ အရေးပေါ်ဆေးကုမှုခံယူနေရ

0
141

ဓါးမြလာတိုက်သူကို ဝင်လုံးရာမှတဆင့် ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ သေနတ်ထိမှန်သွား၍ အရေးပေါ်ဆေးကုမှုခံယူနေရ

ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိကမ္ဘာ့ရတနာဘဏ်သို့ ဓားပြတိုက်ရန်လာသူကို မန်နေဂျာကဝင်ရောက်လုံးထွေးရာမှတဆင့် မန်နေဂျာသေနတ်ထိမှန်၍ အရေးပေါ်ဆေးကုမှုခံယူနေရကြောင်းသိရသည်။

“ဒဏ်ရာကတော့ စိုးရိမ်ရပါတယ်။သူက ဘဏ်ကိုလာတဲ့အခါ ဘဏ်ရှေ့မှာဓားပြတိုက်မယ့်သူကို တွေ့လို့ ဝင်လုံးတာကနေ တခြားကားတစ်စီးက သေနတ်နဲ့ ပစ်လိုက်တာ။ဘဏ်က ပိုက်ဆံတွေတော့ မပါသွားဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၈ နာရီ ကျော်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၉) ရပ်ကွက်၊ မောင်းမကန်လမ်းရှိ ကမ္ဘာ့ရတနာဘဏ်သို့ ဓားပြတိုက်ရန်လာသူကို ဘဏ်မန်နေဂျာကဝင်ရောက်လုံးထွေးစဉ်သေနတ်ထိမှန်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုမှုခံယူနေရခြင်းဖြစ်သည်။

ဘဏ်ရှေ့တွင်သေနတ်ကိုင်ထားသည့် ဓားပြတိုက်မည့်သူကိုတွေ့သဖြင့် ဘဏ်မန်နေဂျာ ဦးစောမိုးဝင်းက ကားပေါ်မှဆင်း၍ ဝင်ရောက်သတ်ပုတ်စဉ်ဟွန်ဒါဖစ်ခဲရောင်ကားပေါ်မှ သေနတ်ဖြင့်ပစ်ခတ်သဖြင့် လက်ယာဘက်ဝမ်းဗိုက်ကို ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း လည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here