ကရင်အမျိုးသားအစည်းအရုံး ဒူပလာယာခရိုင်အတွင်း ခရီးသွားလာခွင့်အချိန်ကန့်သတ်

0
80

ကရင်အမျိုးသားအစည်းအရုံး ဒူပလာယာခရိုင်အတွင်း ခရီးသွားလာခွင့်အချိန်ကန့်သတ်

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံးဗဟို၏ ဒူပလာယာခရိုင်အတွင်း ခရီးသွားလာခွင့်ကို ယနေ့မှစ၍ အချိန်ကန့်သတ်လိုက်ပြီး၊ နေ့စဥ် နံနက် ၆နာရီမှ ည၇နာရီအတွင်းသာသွားလာခွင့်ပြုတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် နေ့စဥ် ည၇နာရီမှ နံနက်၆နာရီအတွင်းဖြတ်သန်းသွားလာခွင့်မပြုလုပ်ရန်နှင့် ခရီးသွားလာသည့်သူများအနေဖြင့်သက်ဆိုင်ရာအဖွဲ့အစည်းက စစ်ဆေးသည်ကို ကြည်ဖြူစွာလက်ခံပေးကြရန် ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

သတ်မှတ်အချိန်အတွင်း သွားလာသည့်ခရီးသွားပြည်သူများအနေဖြင့်လည်း မော်တော်ယာဥ်ဖြင့် ဖြစ်ပါက ကားမှန်များချ၍မောင်းနှင်ရမည်ဖြစ်ပြီး၊ ဆိုင်ကယ်ဖြင့် ဖြစ်ပါက ဆိုင်ကယ်ဦးထုတ်ချွတ်၍ မောင်းနှင်းရမည်ဖြစ်ကြောင်းသိရသည်။

ခရီးသွားသူများအနေဖြင့် မဖြစ်မနေသွားရမည့် အဖွဲ့အစည်းလုပ်ငန်းများ၊ကျန်းမာရေးနှင့်ပတ်သက်သည့် အခြေအနေနှင့် ဒေသခံလူထုအနေဖြင့် လုပ်ငန်းခွင်သို့သွားလာရန်ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဆွေးနွေးညှိနှိုင်းပြီးမှ သွားလာကြရန် လိုအပ်ကြောင်း သိရသည်။

ယင်းသတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူခံရမည်ဖြစ်ပြီး၊ ယင်း စည်းကမ်းသတ်မှတ်များကို ပြန်လည်ရုတ်သိမ်းကြောင်းထုတ်ပြန်ခြင်းမရှိသရွှေ့ အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here