ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဖွင့်လှစ်မည့်ရက်ကြေညာ

0
283

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဖွင့်လှစ်မည့်ရက်ကြေညာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် က ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအား ၂၀၂၂ မေလ၁၂ရက်နေ့တွင် ဖွင့်လှစ်မည်ဟု ယနေ့တွင်ကြေညာသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် ၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး တက်ရောက်ခွင့်ရရှိသူများ ပထမနှစ်(Semester I)များအပြင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက်ရောက်ဆဲ ပထမနှစ်သင်တန်း (Semester II) လည်းအဆိုပါရက်မှစ၍ စတင်ဖွင့်လှစ်မည်ဖြစ်သည်ဟုသိရသည်။

ယင်းအပြင် ၂၀၂၂ ပညာသင်နှစ် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်း များအားလုံးကို လည်း ဖွင့်လှစ်မည်ဖြစ်သည်။

၂၀၂၂ ပညာ သင်နှစ်၊ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ စာရင်းကို www.yau.edu.mm/category/news တွင် ကြေညာထားမည်ဟုသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here