ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များ အကန့်အသတ်ဖြင့်ရောင်းချနေ၍ ဆီထည့်မည့်ကားများ တန်းစီနေရ

0
140

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များ အကန့်အသတ်ဖြင့်ရောင်းချနေ၍ ဆီထည့်မည့်ကားများ တန်းစီနေရ

ယနေ့၂၀၂၂ ဧပြီ ၁၉ ရက်နံနက်မှစတင်ပြီးစက်သုံးဆီအရောင်းဆိုင်များက စက်သုံးဆီများအား အကန့်အသတ်ဖြင့်သာရောင်းချနေ၍ ဆီထည့်ရန်မော်တော်ကားများမှာ တန်းစီလျက်စောင့်ဆိုင်းနေကြရသည်။

“ညကတည်းက သာကေတက ထည့်နေကြဆီဆိုင်ဆို အရင်ရက်တွေကထက် အစောကြီးပိတ်တယ်။ပုံမှန်ည၉နာရီမှ ပိတ်တဲ့ဆိုင်က ၈နာရီပိတ်လို့ပါဖြစ်တာလည်းမသိဘူးလို့တော့ တွေးမိသေးတယ်။ခုမနက်ကျတော့ ဆီထည့်ဖို့ကို တန်းစီနေရပြီ။အပြည့်ထည့်မလိုတောင် မရဘူးလည်းပြောနေကြတယ်။ညကတော့လိုင်းပေါ်မှာ သီလဝါကဆီကန် ဆီပြတ်နေပြီဘာညာတော့ တင်နေကြတာတွေ့မိသေးတယ်”ဟုတက္ကစီယာဉ်မောင်းတစ်ဦးကပြောသည်။

နောက်ထပ်ယာဉ်မောင်းတစ်ဦးကလည်း ဆိုင်အချို့တွင် ငွေကျပ်၅၀၀၀၀ဖိုးအထိ ဆီထည့်၍ရကာ အချို့သောဆိုင်များမှာမူ ၂၀၀၀၀ဖိုးအထိသာထည့်၍ရကြောင်း ၄င်းကြားရသည်ကိုပြောပြသည်။

လက်ရှိတွင် ရန်ကုန်အတွင်း ဆီထည့်မည့်အရေး ကားတန်းရှည်များဖြင့် စောင့်ဆိုင်းနေကြရသည်။

မြန်မာနိုင်ငံစက်သုံးဆီ ရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြည်တွင်းတွင် စက်သုံးဆီပြတ်လပ်သည့်အထိ မဖြစ်နိုင်သော်လည်း နိုင်ငံခြားမှနေ၍စက်သုံးဆီ ဝယ်ယူရရှိမှု အခက်အခဲ‌ကြောင့် ပြန်လည်ဖြန့်ဖြူးရောင်းချရေးတွင် အခက်အခဲများ ဖြစ်နေသည်ဟု ဘီဘီစီသတင်းဌာနကိုပြောကြားထားသည့်အပြင် နိုင်ငံခြားသုံးငွေရရှိမှု အခက်အခဲအပါအဝင် နိုင်ငံတကာအရေးကိစ္စများကြောင့် စက်သုံးဆီ ဝယ်ယူရရှိရေးအခက်အခဲ ဖြစ်လာသည်ဟု အကြောင်းပြချက်ပေးထားသည်ကိုတွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here