စက်သုံးဆီများကို အကန့်အသတ်မရှိ ရောင်းချပေးမည်ဟု စက်သုံးဆီဆိုင်အချို့ကြေညာ

0
210

စက်သုံးဆီများကို အကန့်အသတ်မရှိ ရောင်းချပေးမည်ဟု စက်သုံးဆီဆိုင်အချို့ကြေညာ

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့ အကန့်အသတ်ဖြင့်သာ ရောင်းချနေ၍ မော်တော်ယာဉ်များတန်းစီစောင့်ဆိုင်းနေရချိန် Best Oil Company(BOC)က ယနေ့နေ့လယ်၂နာရီခွဲခန့်မှာ ၄င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

အသိပေးချက်အပြည့်အစုံမှာ”မင်္ဂလာပါခင်ဗျာ ချစ်ခင်လေးစားရပါသော Best Oil Company(BOC)၏ မိတ်ဆွေများခင်ဗျာ။မကြာမီ အချိန်အတွင်းမှာလူကြီမင်းတို့ လိုအပ်သော စက်သုံးဆီများကို BOC ဆီဆိုင်များတွင် အကန့်အသတ်မရှိ ရောင်းချပေးမည်ဖြစ်ကြောင်း သတင်ကောင်းပါးအပ်ပါတယ်ခင်ဗျာ….”ဖြစ်သည်။

အလားတူ ယနေ့နေ့လယ်မှာပင် “ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတတ် ကလည်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် ပတ်သက်၍ ဖြစ်စဥ်အမှန်ကို အများပြည်သူထံ အသိပေးခြင်းထုတ်ပြန်ခဲ့သည်။

အပြည့်အစုံမှာ”ကျွန်တော်များ ရွှေဗျိုင်းဖြူ ကုမ္ပဏီလီမိတတ်သည် အရောင်းဆိုင်ခွဲအချို့တွင် စက်သုံးဆီကန်သန့်ရှင်းရေးနှင့် ဆိုင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန် ရှိနေသော ဆိုင်ခွဲများမှာ နယ်ဆိုင်ခွဲအချို့သာဖြစ်၍ ကျန်ရှိသော စက်သုံးဆီ အရောင်းဆိုင်အားလုံးသည် ပုံမှန်အတိုင်း ဝန်ဆောင်မှု့များ ပေးနေပါသည်။ “ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်အားလုံးတွင် ယခုအချိန်မှစတင်၍ စက်သုံးဆီအားလုံးအား အကန့်အသတ်မရှိ ရောင်းချပေးနေပါသည် ခင်ဗျာ”ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here