ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ရဟတ်ယာဉ်နှင့် ပတ်သက်သည့်အဂတိအမှုနှစ်မှု ရုံးထုတ်ကြားနာ

0
70

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ရဟတ်ယာဉ်နှင့် ပတ်သက်သည့်အဂတိအမှုနှစ်မှု ရုံးထုတ်ကြားနာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့နှစ်ဦးအပေါ် စွဲဆိုထားသော ရဟတ်ယာဉ်ဝယ်ယူသုံးစွဲ ပြင်ဆင်မှု နှင့် ပတ်သက်သည့် အမှု နှစ်မှု အတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ် အထူးသီသန့်တရားရုံးတွင် ရုံးထုတ်ကြားနာခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

ယနေ့တွင် ရာဟတ်ယာဉ်ဝယ်ယူသုံးစွဲ ပြင်ဆင်ခဲ့သည့် အမှု နှစ်မှုဖြစ်သော ရာကြီးမှု အမှတ် (၄၉)နှင့် ရာကြီးမှု အမှတ် (၅၀) အမှုတို့အတွက် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အရာရှိ ဦးအောင်ခန့်နှင့် အခြားအရာရှိ တစ်ဦးတို့ကို စစ်ဆေးမေးမြန်းခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ တရားခွင်အတွင်း စစ်ဆေးမေးမြန်းနေစဉ် တရားလိုဖြစ်သူများဘက်မှ တင်သွင်းသော သက်သေစာရွက်စာတမ်းများနှင့် ပတ်သက်၍ နှစ်ဘက်ရှေ့နေများ အငြင်းပွားမှုဖြစ်ပွားခဲ့ခြင်းကြောင့် တရားသူကြီးက ဧပြီ ၂၆ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပြီး၊ ယင်းအငြင်းပွားမှု အတွက် ဆုံးဖြတ်မိန့် တစ်ခု ချမှတ်သွားမည်ဖြစ်သည်။

” အမှုအတွက် အဂတိတိုက်ဖျက်ရေးကော်မရှင်က အရာရှိနှစ်ဦးကို စစ်ဆေးတာပါ။ တရားလိုတွေ တင်သါင်းတဲ့ သက်သေစာရွက်စာတမ်းကိစ္စအပေါ်မှာ အငြင်းပွားမှု ဖြစ်ပေါ်တာပါ။ လာမည့်ရုံးချိန်ဒီအတါက်ကို တရားသူကြီးက ဆုံးဖြတ်ပါလိမ့်မယ်”ဟု ဆိုသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်သည့်အမှုအတွက် နှစ်ဘက်ရှေ့နေများ အပြီးသတ်လျှောက်လဲချက်များပေးခဲ့ပြီး၊ လာမည့် ဧပြီ ၂၆ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်သွား ရန်လည်းရှိနေသည်။

ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ နှစ်ဦး ကျန်းမာရေးကောင်းမွန်နေသည်ကိုတွေ့ရှိရ သည်။

Photo – CGTN


LEAVE A REPLY

Please enter your comment!
Please enter your name here