ထားဝယ်မြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
97

ထားဝယ်မြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ကျောက်ရပ်ကျေးရွာအုပ်စု၊ပေါက်တိုင်းကျေးရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကြည်ရင်(၆၀)နှစ်ခန့်သည် ဧပြီ ၁၉ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကြည်ရင်သည် နံနက် ၆ နာရီခွဲခန့်၌ ပေါက်တိုင်းကျေးရွာသုဿန်သို့သွားသည့်လမ်း၌ အမည်မသိအမျိုးသားများ၏ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးကြည်ရင်၌ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လူနာတင်ကားဖြင့် ထားဝယ်မြို့ရှိ တပ်မတော်စစ်ဆေးရုံ၌ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“လူတစ်ယောက် သေနတ်နဲ့ပစ်ခံရတယ်ကြားလို့သွားကြည့်တဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးပစ်ခံရတယ်ဆိုတာကိုသိရတာ ချက်ခြင်းလူနာတင်ကားခေါ်ပြီးဆေးရုံပို့လိုက်ကြတယ် ဘယ်နှစ်ချက်လောက်ထိတယ်ဆိုတာတော့ မသိဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်ကျေးရွာအား လုံခြုံရေးအဖွဲ့ဝင်များက အဝင်အထွက်နေရာများနှင့်ကျေးရွာအတွင်းသို့ စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ဖြစ်စဥ်နေရာအနီးမှကျည်ခွံအချို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here