ကော်ဖီစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးတည်ငြိမ်ပြီး ဈေးနှုန်းခိုင်မာသင့်တင့်သည့် မျိုးများကိုရွေးချယ် ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်းပြောကြား

0
112

ကော်ဖီစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးတည်ငြိမ်ပြီး ဈေးနှုန်းခိုင်မာသင့်တင့်သည့် မျိုးများကိုရွေးချယ် ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်းပြောကြား

ကော်ဖီစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးတည်ငြိမ်ပြီး ဈေးနှုန်းခိုင်မာသင့်တင့်သည့် မျိုးများကိုရွေးချယ် စိုက်ပျိုးကြရန် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က တိုက်တွန်း ပြောကြားသည်။

ထို့အပြင် မြန်မာ့ ကော်ဖီကို ကမ္ဘာကနှစ်သက်ပြီး အားပေးရသည်အထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယမန်နေ့ ဧပြီ ၁၉ ရက် နံနက်ပိုင်းက ပြင်ဦးလွင်ရှိ မြန်မာနိုင်ငံကော်ဖီအသင်းနှင့် ပြင်ဦးလွင် ကော်ဖီဥယျာဉ် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု့စစ်ဆေးစဉ် ကော်ဖီလုပ်ငန်းရှင်များ၊ ဒေသခံကော်ဖီစိုက်တောင်သူများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ဒေသလိုက် တာဝန်ရှိသူအချို့နှင့် ကော်ဖီလုပ်ငန်းရှင်များပူးပေါင်း၍ ကော်ဖီအသင်း ဖွဲ့စည်းပေးထားပြီဖြစ်ကြောင်း ၊ လုပ်ငန်းရှင်များ၏ လိုအပ်ချက်ကို ဖြစ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့် ကော်ဖီ ထုတ်ကုန်ဖြစ်စေရန် ထုတ်လုပ်ပုံနှင့် ထုတ်ပိုးမှု စနစ်ရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေး ၊မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးမွေးမြူရေးသိပ္ပံနှင့် ကောလိပ်များကို တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သော မြေသြဇာကဲ့သို့သော သွင်းအားစုများကို မွေးမြူရေးမှ ရရှိလာသည့် စွန့်ပစ်ပစ္စည်း၊ သဘာဝမြေသြဇာများကို စိုက်ပျိုးရေးစွန့် ပြစ်ကုန်များမှ ထုတ်လုပ်၍ အသုံးချနိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆိုသည်။

ထို့နောက် ပြင်ဦးလွင်ရှိ ကော်ဖီဥယျာဉ်သို့ သွားရောက်၍ ကော်ဖီစိုက်ပျိုးရာတွင် ကော်ဖီမျိုးအများအပြား စိုက်ပျိုးမည့်အစား လုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးတည်ငြိမ်ပြီး ဈေးနှုန်းခိုင်မာသင့်တင့်သည့် မျိုးများကိုရွေးချယ် ဆောင်ရွက်ကြရန်၊ ဥယျာဉ်အတွင်း လာရောက်လေ့လာသူများကိုလည်း ကော်ဖီစိုက်ပျိုးရေးကို စိတ်ဝင်စားလာအောင် ရှင်းလင်းပြသရန်လို ကြောင်း နှင့် ဥယျာဉ်အနေဖြင့် ကော်ဖီစိုက်တောင်သူများကို အကျိုးဖြစ်ထွန်းနိုင်မည့် အကြံဉာဏ်များပေးနိုင်ရမည်ဖြစ်ပြီး မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here