Commercial လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပြီး ၃ရက်အတွင်း ခရီးသည် ၁၃၀၀ကျော်ဝင်ရောက်လာခဲ့

0
219

Commercial လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပြီး ၃ရက်အတွင်း ခရီးသည် ၁၃၀၀ကျော်ဝင်ရောက်လာခဲ့

ကိုဗစ်ကပ်ရောဂါကြောင့် ၂နှစ်ကြာပိတ်ထားရသည့် Commercial လေကြောင်းလိုင်းများအား မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဓပြီလ၁၇ရက်နေ့က စပြီး ပြန်လည်ဖွင့်လှစ်လိုက်ရာ ၃ရက်အတွင်း ၁၃၃၆ဦး ဝင်ရောက်လာခဲ့ကြောင်း နစကပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ရေးသားမှုများအရသိရသည်။

နိုင်ငံတကာခရီးသည်တင်လေကြောင်းလိုင်းများပြန်လည်ဖွင့်လှစ်လိုက်သည့် ဧပြီ၁၇ရက်နေ့မနက်ပိုင်းတွင် စင်ကာပူနိုင်ငံမှ ပျံသန်းလာသော SQ-761 လေကြောင်းခရီးစဉ်သည် ပထမဆုံး ရောက်ရှိခဲ့သည်ဟုသိရသည်။ယင်းနောက်မှ မလေးရှားနှင့် ဘန်ကောက်မှ ခရီးသွားများ ဆိုက်ရောက်ခဲ့သည်။

ဧပြီ ၁၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ ထွက်ခွာသောခရီးသွား ၆၈၈ ဦးနှင့် ဝင်ရောက်သော ခရီးသွား ၃၉၃ ဦးရှိပြီး MAI ၊ MNA လေကြောင်းလိုင်းတို့မှ ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

ဧပြီ ၁၈ ရက်တွင် ပထမဆုံးလေကြောင်း ပျံသန်းမှုအဖြစ် ဒူဘိုင်းနိုင်ငံမှ ခရီးသွားများ စတင် ဝင်ရောက်ခဲ့ပြီး ထိုနေ့တွင် ဒူဘိုင်း၊ စင်ကာပူ၊ ဘန်ကောက်၊ မလေးရှားနိုင်ငံတို့မှ လေကြောင်းလိုင်း ငါးလိုင်းဖြင့် ခရီးသွား ၅၁၇ ဦး ဝင်ရောက်ခဲ့သည်။

ဧပြီ ၁၉ ရက်တွင် ပထမဆုံးခရီးသွားဝင်ရောက်မှုအဖြစ် ဘန်ကောက်-ရန်ကုန် လေကြောင်းလိုင်းမှ MAI-336 ခရီးစဉ်ဖြင့် ခရီးသွား ၃၂ ဦး ဝင်ရောက်ခဲ့ပြီး တစ်ဆက်တည်း UB-026 ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်ဖြင့် ခရီးသွား ၁၀၆ ဦး ဆက်လက် ဝင်ရောက်ခဲ့သည်။ ထိုနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တရုတ် (ကွမ်ကျိုး)၊ တောင်ကိုရီးယား (အင်ချွန်း)၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့မှ လေကြောင်းလိုင်း ငါးလိုင်းဖြင့် ခရီးသွား ၂၈၈ ဦး ဝင်ရောက်ခဲ့ပြီး ညနေပိုင်းတွင် ကွမ်ကျိုး၊ အင်ချွန်းနှင့် ဘန်ကောက်ခရီးစဉ်များမှ ခရီးသွားများ ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here