ပုဂံမှ ရှေးဟောင်းလက်ရာပစ္စည်းအချို့ အခိုးခံရမှုဖြစ်ပွား

0
285

ပုဂံမှ ရှေးဟောင်းလက်ရာပစ္စည်းအချို့ အခိုးခံရမှုဖြစ်ပွား

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းလက်ရာပစ္စည်းအချို့ အခိုးခံရမှုတစ်ခုကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံရှေးဟောင်းသုတေသနအသင်း ဥက္ကဌ ဒေါ်ဥမ္မာမျိုးက ပြောသည်။

မကြာမီရက်ပိုင်းအတွင်းက ပုဂံရှေးဟောင်းလက်ရာအချို့ခိုးယူခံရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး၊ ယင်းသို့ခိုးယူခံရသည့် ရှေ့ဟောင်းလက်ရာများမှာ ဘုရားအမှတ် ၄၁၈ ရှိ ဦးခေါင်းသုံးလုံးဗြမ္မာရုပ်၊ ဘုရားအမှတ် ၇၁၆ ရှိ ကျောက်ဆစ်လက်ရာများကို ခိုးယူခံရခြင်းဖြစ်သည်ဟုဆိုသည်။

” အခုတော့ ရဲစခန်းမှာအမှုဖွင့်ထားတယ်။ ခိုးခံရတဲ့နေရာကလူသူအရောက်အပေါက်နည်းနည်းသလို CCTVကင်မရာလည်း တပ်မထားနိုင်တော့ ခိုးယူခံရတာပါ။ ပျောက်ဆုံးတဲ့ရက်အတိအကျမသိပေမယ့် တလောက ဓာတ်ပုံရိုက်တဲ့သူတွေလာတုန်းကတော့ရှိသေးတယ်ကြားတယ်။အဲ့နောက်ပိုင်းမတွေ့တော့တာဆိုတော့ သွားစစ်ဆေးတဲ့အခါ ပျောက်ဆုံးနေတာကို သိခဲ့ရတာပါ။”ဟု ဆိုသည်။

ယင်းကြာင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှိရှေးဟောင်းလက်ရာများ ထိန်းသိမ်းစောင့်ရှောက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုတည်းတင်မက နိုင်ငံတော်အဆင့်ကပါ ဝိုင်းဝန်းထိန်းသိမ်းရန် လုပ်ငန်းစဥ်များချမှတ်ဆောင်ရွက်သင့်ကြောင်း ဆိုသည်။

ထို့အပြင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းလက်ရာပစ္စည်းအချို့ အခိုးခံရမှု တွင် မြန်မာနိုင်ငံရှိသက်ဆိုင်ရာဌာနများအပါအဝင်အကောက်ခွန်ဦးစီးဌာန၊ နိုင်ငံတကာရဲတပ်ဖွဲ့(Interpol)နှင့် နယ်စပ်ဖြတ်ကျော် မှုခင်းတပ်ဖွဲ့တို့ဖြင့်ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ပုဂံဒေသသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက Unesco စာရင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသမှာ လက်ရှိတွင် Unesco စာရင်းဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိနေသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here