ဗဟိုဘဏ်နှင့်သက်ဆိုင်သည့် ငွေပေးချေမှုများ၊ငွေထုတ်ယူရာတွင်အခက်အခဲဖြစ်သည့် ကိစ္စများအားဖြေရှင်းပေးမည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းပြော

0
128

ဗဟိုဘဏ်နှင့်သက်ဆိုင်သည့် ငွေပေးချေမှုများ၊ငွေထုတ်ယူရာတွင်အခက်အခဲဖြစ်သည့် ကိစ္စများအားဖြေရှင်းပေးမည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းပြော

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်နှင့်ညီနောင်အသင်းများ ၏ ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေရေး နိုင်ငံခြားငွေကြေး အသုံးပြုခြင်းနှင့်ပတ် သက်သည့် ညှိနှိုင်းအစည်းအဝေး၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာပွင့်ဆန်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းများလုပ်ကိုင်နေသည့် ကု မ္ပဏီများ ကုန်သွယ်မှုပြုရန် ကုန်ပစ္စည်းများတင်ပို့/တင်သွင်းခြင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပို့ကုန်/သွင်းကုန်လိုင်စင်များအား ခွင့်ပြုထုတ်ပေးလျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းကပြောသည်။

ထို့ကြောင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီမှ ဆောင်ရွက်နေသည်များအား နားလည်သိရှိနိုင်ရန် ရှင်းလင်းပေးခြင်းဖြစ်ကာ အချက်အလက်များပေါ်မူတည်၍ ဗဟိုဘဏ်နှင့်သက်ဆိုင်သည့် ငွေပေးချေမှုများ၊ငွေထုတ်ယူရာတွင် အခက်အခဲဖြစ်သည့်ကိစ္စရပ်များအား ဖြေရှင်းပေးမည်ဟု ပြည် ထောင်စုဝန်ကြီးကပြောသည်။

“အဲဒီလို ဖြေရှင်းရာမှာလည်း ဦးစားပေးအုပ်စုအ လိုက် အုပ်စု ၅ စုခွဲပြီး ဆောင်ရွက်နေပါတယ် ပို့ကုန်/သွင်းကုန်စီမံခန့်ခွဲမှုကိစ္စတွေနဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုကိစ္စတွေဆောင်ရွက်ရာမှာ ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ကြခြင်းဖြစ်ပါတယ်”ဟုပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းကပြောသည်။

ယင်းသို့ လုပ်ဆောင်နေမှုများသည် ဝန်ကြီးဌာနများ၏ဆောင်ရွက်မှုဖြစ်သော်လည်း Private Sector ကုန်သွယ်မှုဝန်ဆောင်မှုတို့နှင့်ဆိုင်သည့်ပုဂ္ဂိုလ်များနှင့်သက်ဆိုင်သူများမှလည်း အချိန်နှင့်တစ်ပြေးညီပူးပေါင်းဆောင်ရွက်ရမည်ဟု ပြည် ထောင်စုဝန်ကြီးကပြောသည်။

ထို့အတူ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသည့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်ညီနောင်အသင်းများ၏ ဆွေးနွေးတင်ပြမှုများအား ပြည်ထောင်စုဝန်ကြီးများနှင့်ဗဟိုဘဏ် ဥက္ကဋ္ဌတို့က ညှိနှိုင်းဆွေးနွေးပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here