ဝန်ကြီးဌာန ၃ ခုမှဒု-ဝန်ကြီးများ အာဆီယံ ဥက္ကဋ္ဌ ၏အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင်အားလက်ခံတွေ့ဆုံခဲ့ကြ

0
164

ဝန်ကြီးဌာန ၃ ခုမှဒု-ဝန်ကြီးများ အာဆီယံ ဥက္ကဋ္ဌ ၏အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင်အားလက်ခံတွေ့ဆုံခဲ့ကြ

မြန်မာနိုင်ငံသို့ AHA Centre မှတဆင့်လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပထမအဆင့်အကောင်အထည်ဖော်နေမှုနှင့်ဒုတိ ယအဆင့်အတွက် ပြင်ဆင်မှုများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအ ညီစီမံခန့်ခွဲရေးဆိုင်ရာမြန်မာလုပ်ငန်းအဖွဲ့ (Task Force)အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံခြားရေးဝန် ကြီးဌာန ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်၊ကျန်းမာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအေးထွန်းနှင့်လူ မှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က လက်ခံတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်လရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ဒု-ဝန် ကြီးနှင့်အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့ခေါင်းဆောင် H.E, Dr. KUNG Phoak ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဧပြီ ၂၀ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ AHA Centre မှတဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပထမအ ဆင့်အကောင်အထည်ဖော်ဆောင်မှု၊မြန်မာနိုင်ငံအနှံ့အပြားသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများပံ့ပိုးပေးခြင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံမှအဆိုပြုချက်များအ ပါအဝင် ဒုတိယအဆင့်လူသားချင်းစာနာထောက် ထားမှုအကူအညီများအတွက် ပြင်ဆင်မှုများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယအ ဆင့်အတွက် မြန်မာအစိုးရ၏အစီအစဉ်များနှင့်လုပ်ငန်းအကောင်အထည်ဖော်ရန် သတ်မှတ် လုပ်ထုံးလုပ်နည်းများအား ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here