မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဟု အာဆီယံ ဥက္ကဋ္ဌ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအ ကဲပြော

0
102

မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဟု အာဆီယံ ဥက္ကဋ္ဌ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအ ကဲပြော

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်နှင့်ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ဒု-ဝန်ကြီးနှင့်အာဆီယံဥက္ကဋ္ဌ အထူးကိုယ်စားလှယ်၏ရုံးအဖွဲ့အကြီး အကဲ H.E.Dr.KUNG Phoak တို့ ဧပြီ ၂၀ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုံးအဖွဲ့အကြီးအကဲ H.E.Dr.KUNG Phoak ကမြန် မာနိုင်ငံအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာများနှင့်မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌လက်ရှိဖြစ်ပေါ်နေသည့် အ ခြေအနေများအား ဖြေရှင်းနိုင်ရန်စေ့စပ်ညှိနှိုင်း ရေးဆွေးနွေးပွဲများကျင်းပနိုင်ရေးတို့ကိုလည်းဆွေးနွေးပြောကြားခဲ့သည်။

အလားတူ ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်မှလည်း မြန် မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနှင့်တွေ့ဆုံ ဆွေးနွေးမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးရေးဆိုင်ရာကိစ္စရပ်များအား သက်ဆိုင် ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေသည့် အကြောင်းတို့ကိုလည်း ရှင်းလင်းပြောကြား သည်။

ထို့နောက် ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်နှင့်ရုံးအဖွဲ့အ ကြီးအကဲ H.E.Dr.KUNG Phoak တို့မှ နှစ်ဖက်သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here