ခရမ်းမြို့နယ်၌ အငြိမ်းစားဝန်ထမ်းတစ်ဦးသေ နတ်ဖြင့်ပစ်သတ်ခံရ

0
88

ခရမ်းမြို့နယ်၌ အငြိမ်းစားဝန်ထမ်းတစ်ဦးသေ နတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊ခရမ်းမြို့နယ်၊သပြုကန်ကျေးရွာတွင် အငြိမ်းစားဝန်ထမ်းဦးသန့်ဇင်သည် ဧပြီ ၂၁ ရက် (ယနေ့)နံနက်ပိုင်းက အမည်မသိအမျိုးသားများ ၏ သေနတ်ဖြင့်ပစ်သတ်ခြင်းအားခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

ဦးသန့်ဇင်သည် တကောကန်ကျေးရွာ၌နေထိုင်သူတစ်ဦးဖြစ်ကာ ခရမ်းမြို့သို့ပင်စင်ထုတ်ရန် ဆိုင်ကယ်ဖြင့်သွားရောက်စဥ် သပြုကန်ကျေးရွာ၏ရွာလယ်လမ်းအရောက် အမည်မသိအမျိုးသားများမှသေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဦးသန့်ဇင်က ဆိုင်ကယ်ကယ်ရီမောင်းနေတာ ပင်လစင်ထုတ်ဖို့သွားတဲ့အချိန်ပစ်ခံရတာလို့သိရတယ် သိရသလောက်ဆိုရင် သေနတ်နဲ့အချက်ရေတော်တော်များများပစ်ခံလိုက်ရတယ်”ဟုတကောကန်ကျေးရွာနေသူတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် ဦးသန့်ဇင်သည် ကျည်ထိမှန်ဒဏ်ရာအများအပြားရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“သေဆုံးသွားတဲ့ ဦးသန့်ဇင်ရဲ့အလောင်းကို စစ် တပ်ကဖြစ်စဥ်ကိုလာစစ်ဆေးရင်းနဲ့ကားပေါ်သယ်သွားတာတွေ့တယ်”ဟုသပြုကန်ကျေးရွာနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာအခင်းဖြစ်နေရာအနီးမှ ကျည်ခွံအချို့အားသိမ်း ဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွက် စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here