ဘွဲ့ကြို၊ဘွဲ့လွန်သင်တန်းများအား မေ ၁၂ ရက်၌စတင်ဖွင့်လှစ်မည်

0
160

ဘွဲ့ကြို၊ဘွဲ့လွန်သင်တန်းများအား မေ ၁၂ ရက်၌စတင်ဖွင့်လှစ်မည်

ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်များနှင့်ဆ ရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၏ ဘွဲ့ကြို၊ဘွဲ့လွန်သင်တန်းများအား မေ ၁၂ ရက်၌စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပ ညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာခဲ့သည်။

ထိုသို့ ဖွင့်လှစ်ရာတွင် အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်များမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ ပထမနှစ်၊ဒုတိယနှစ်တတိယနှစ်နှင့်ဂုဏ်ထူးတန်း(ပထမနှစ်)သင် တန်းများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ပဉ္စမနှစ်ဥပဒေပညာ၊ပဉ္စမနှစ်ပညာရေးနှင့်ဂုဏ်ထူး တန်း(တတိယနှစ်)သင်တန်းများ(ဖွင့်လှစ်ဆဲ)၊မ ဟာအရည်အချင်းစစ်သင်တန်းနှင့်မဟာဘွဲ့သင် တန်းများ(ဖွင့်လှစ်ဆဲ)နှင့် ၂ဝ၂၂-၂ဝ၂၃ ပညာ သင်နှစ်၏ ပထမနှစ်သင်တန်းများ(၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ) အတွက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် သည်။

အလားတူ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာ ရေးဒီဂရီကောလိပ်များမှ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်၏ ပထမနှစ်သင်တန်းများ၊ ၂၀၂၂-၂ဝ၂၃ ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများ(၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ များ)အား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း အသိပေးကြေညာခဲ့သည်။

ထို့ပြင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများ၌တက်ရောက်မည့်သူများအား ဧပြီ ၁၈ ရက်မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

“ကျောင်းတွေပြန်ဖွင့်တော့မယ်ကြားရတော့ အ တော်ဝမ်းသာမိပါတယ် စာသင်ခန်းတွေနဲ့ဝေးနေတာကြာပြီလေ ဘွဲ့ရခါနီးကြမှကျောင်းတွေပိတ်လိုက်တော့ အခက်အခဲဖြစ်သွားတာပေါ့ သင်ထားပြီးသားစာတွေကိုတော့ မမေ့အောင်ဂရုတစိုက်နဲ့ပြန်လေ့ကျင်နေရတာပေါ့”ဟု ဥပဒေပညာ(ပဥ္စမ နှစ်)ကျောင်းသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here