တနင်္သာရီမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
195

တနင်္သာရီမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊တကူကျေးရွာ အုပ်စု၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးသည် ဧပြီ ၂၂ ရက်(ယနေ့)နံနက် ၇ နာရီကျော်ခန့်က ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကျော်ငွေအား Tanintharyi Defense Force(TDF)အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့မှထုတ်ပြန်ရေးသားထားသည်။

ဦးကျော်ငွေအား အဆိုပါအဖွဲ့မှ သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

“ဘယ်နေရာမှပစ်ခံရတာလဲဆိုတာတော့မသိဘူး အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်သတ်ခံရတယ်ဆိုတာတော့သိတယ်”ဟုဒေသခံတစ်ဦးကပြော သည်။

ဖြစ်စဥ်နေရာနှင့်ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ကျည်ခွံအ ချို့အားသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here