အင်းတော်မြို့နယ်တွင် ၁၂ ဘီးကုန်တင်ကားပေါ်မှ ကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ် ကြွဆေးပြားများဖမ်းမိ

0
141

အင်းတော်မြို့နယ်တွင် ၁၂ ဘီးကုန်တင်ကားပေါ်မှ ကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ် ကြွဆေးပြားများဖမ်းမိ

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊ကြာအင်းကျေး ရွာအနီးတွင် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဧပြီ ၂၀ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ကြာအင်းကျေးရွာအနီးရှိ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းတွင် မန္တလေးဘက်မှမိုးညှင်းဘက်သို့ မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီးကုန်တင်ကားအား သတင်းအရတားဆီးစစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၂ ဒသမ ၄၇၄ ကီလိုနှင့်စိတ်ကြွဆေးပြား ၁၀၈၃၀၀ ပြားအား သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများအား မန္တလေးတိုင်းမှကချင်ပြည်နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့သည့် ကားမောင်းသူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here