ဆောက်လုပ်ရန်မပြီးပြတ်သေးတဲ့သိမ်ကျောင်း ပြန်လည်တည်ဆောက်ရန်အတွက် အလှူရှင်များနဲ့စုပေါင်းကာ အလှူငွေသိန်းတစ်ထောင်ကျော် လှူဒါန်းခဲ့တဲ့ပိုင်တံခွန်

0
261

ဆောက်လုပ်ရန်မပြီးပြတ်သေးတဲ့သိမ်ကျောင်း ပြန်လည်တည်ဆောက်ရန်အတွက် အလှူ
ရှင်များနဲ့စုပေါင်းကာ အလှူငွေသိန်းတစ်ထောင်ကျော် လှူဒါန်းခဲ့တဲ့ပိုင်တံခွန်

lovely

ပိုင်တံခွန်က လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်လောက်မှာ သိမ်ကျောင်းဆောက်လုပ်ရန်အတွက် ဦးစီးခဲ့ပေမယ့်လည်းအကြောင်းအမျိုးမျိုးကြောင့်နှောင့်နှေးခဲ့ရတာဖြစ်ပြီး အခုလက်ရှိပြန်လည်တည်ဆောက်ဖို့အတွက် အလှူငွေကျပ်သိန်းပေါင်း ၁ ထောင်ကျော်ကို ဆရာတော်အားလွှဲအပ်ပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ ပိုင်တံခွန် က
” ၂၀၂၁ခုနှစ်က ကျနော် ဦးစီးခဲ့တဲ့ သိမ်ဆောက်လုပ်ဖို့ အလှူဟာ ကျွန်တော့်ကြောင့်ပဲ နှောင့်နှေးခဲ့ရလို့ ကျွန်တော်နဲ့အတူ ပူးပေါင်း လှူဒါန်းခဲ့တဲ့ အလှူရှင်တွေကို တောင်းပန်ပါတယ် ။

အခု ကျွန်တော် ပြန်ရောက်လာပြီဆိုတော့ ဒီသိမ်ကျောင်း ပြန်လည်ဆောက်လုပ်ဖို့ နဲ့ အလှူငွေကျပ် သိန်း (၁၁၁၀၆၀၈၉၂ ) အတိကို ဘုန်းဘုန်း အားလွှဲအပ်ပေးဖို့ အတွက် ကျွန်တော်လုပ်နေပါတယ် ” လို့်ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here