ပြည်ထောင်စုသားအားလုံးရဲ့ အကျိုးကို ရှေးရှုပြီး ငြိမ်းချမ်းရေးအတွက် ရိုးသားပွင့်လင်းစွာဆွေးနွေးကြမယ်လို့ နစကဥက္ကဌဖိတ်ခေါ် ကမ်းလှမ်း

0
155

ပြည်ထောင်စုသားအားလုံးရဲ့ အကျိုးကို ရှေးရှုပြီး ငြိမ်းချမ်းရေးအတွက် ရိုးသားပွင့်လင်းစွာဆွေးနွေးကြမယ်လို့ နစကဥက္ကဌဖိတ်ခေါ် ကမ်းလှမ်း

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို ခိုင်ခိုင်မာမာတည်ဆောက်မယ်လို့ သူအနေနဲ့ အာမခံထားပြီးဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တိုင်းရင်းသားပြည်သူတွေကို နစကဥက္ကဌက ဒီကနေ့မှာ မိန့်ခွန်းပြောကြားလိုက်ပါတယ်။

လာမယ့် ၂၀၂၃ ဇန်နဝါရီ ၄ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်ပြီး၊တိုင်းရင်းသားပြည်သူတွေအနေနဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရကို အပြည့်အဝမခံစားရသေးတာကို ပကတိဖြစ်ရပ်တွေက ပြသနေတဲ့အကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါတွေဟာ သဘောထားကွဲလွဲမှုများကို အခြေခံပြီးဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဖြစ်ပြီး ဒါကို ဖြေရှင်းနို င်မှသာ ဒီမိုကရေစီရဲ့ အနှစ်သာရ ၊လွတ်လပ်ရေးအနှစ်သာရကို အပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် ဒီ၂၀၂၂ခုနှစ်မှာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျနော်ပြောခဲ့ပါတယ်။ဒါကို လက်တွေ့ကျကျထိထိရောက်ရောက်အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်နေတဲ့အတွက် ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။အဖွဲ့ များအားလုံးကို ကျနော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံေ တာ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားပါ့မယ်။လိုအပ်ရင်လည်း ထပ်မံတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားပါ့မယ်”လို့ ပြောပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် ၂ဦးစီရဲ့ စာရင်းတွေကို ၂၀၂၂ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ ကြဖို့ လည်း နစကဥက္ကဌက ပြောဆိုသွားခဲ့ပါတယ်။

တိုင်းရင်းသားပြည်သူတွေ ငြိမ်းချမ်းရေးအရသာ ခံစားနိုင်ဖို့ ရိုးသားပွင့်လင်းစွာဆွေးနွေးမယ်လို့ပါ နစကဥက္ကဌက ပြောဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here