တနိုင်းမြို့ရှိ တနိုင်းချောင်းအတွင်း ရေဆင်းကူးရာမှရေနစ်သေဆုံးသူ၏ ရုပ်အလောင်းအား ယနေ့ပြန်လည်တွေ့ရှိ

0
345

တနိုင်းမြို့ရှိ တနိုင်းချောင်းအတွင်း ရေဆင်းကူးရာမှရေနစ်သေဆုံးသူ၏ ရုပ်အလောင်းအား ယနေ့ပြန်လည်တွေ့ရှိ

ကချင်ပြည်နယ်၊တနိုင်းမြို့ရှိ တနိုင်းချောင်းအ တွင်း ဧပြီ ၂၁ ရက်ညနေ ၅ နာရီခန့်က ရေဆင်းကူးရာမှနေစ်သေဆုံးသွားသူ၏ ရုပ်အလောင်းအား ဧပြီ ၂၂ ရက်နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း တနိုင်းမြို့အခြေစိုက်လူမှုကူညီရေးအ သင်းများမှသိရသည်။

တနိုင်းချောင်းအတွင်း ရေဆင်းကူးသည့် အမျိုး သားသည် မောင်မျိုးသီဟဇော်(၁၆)နှစ်ဖြစ်ကာ ၎င်း၏သူငယ်ချင်းဖြစ်သူများနှင့်အတူရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။

“ရေနစ်သေတဲ့ကောင်လေးက တနိုင်းဒေသခံတော့မဟုတ်ဘူး ဒီကဆိုင်တစ်ဆိုင်မှာအလုပ်လာလုပ်တဲ့ကောင်လေးပါ ရေနစ်တယ်ဆိုတဲ့သတင်းရရချင်းရှာဖွေရေးလုပ်ငန်းတွေလုပ်ခဲ့ကြပါတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

တနိုင်းမြို့မီးသတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်အနီးပတ်ဝန်းကျင်နေသူများက ရှာဖွေရေးလုပ်ငန်းများအားဝိုင်းဝန်းပြုလုပ်ခဲ့ကြသဖြင့် ဧပြီ ၂၂ ရက်နံနက် ၁၀ နာရီခန့်၌ သေဆုံးသူ၏ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“ညပိုင်းမိုးအတော်ချုပ်တဲ့အထိရှာဖွေခဲ့ကြပါတယ် မိုးအရမ်းချုပ်သွားမှသာရှာဖွေရေးလုပ်ငန်းတွေကိုရပ်လိုက်ပြီး ဒီနေ့မနက်မှာထပ်ရှာရင်းနဲ့တွေ့တာပါ နာရေးကားနဲ့ဆေးရုံရင်ခွဲရုံကိုပို့ထားပြီး သူ့ရဲ့မိသားစုဝင်တွေကိုအကြောင်းကြားထားပါပြီ”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here