(၅၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်( Relief Flight) ဖြင့် မြန်မာနိုင်ငံသားများအပါအဝင် ဂျပန်ပညာရှင်အချို့လိုက်ပါ စီးနင်း

0
143

(၅၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်( Relief Flight) ဖြင့် မြန်မာနိုင်ငံသားများအပါအဝင် ဂျပန်ပညာရှင်အချို့လိုက်ပါ စီးနင်း

(၅၂) ကြိမ်မြောက် ရှိပြီဖြစ်သော ကယ်ဆယ်ရေးလေယာဉ်( Relief Flight) ဖြင့် ယမန်နေ့ ဧပြီ ၂၁ရက်၌ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံဝန်ကြီးဌာနအချို့တွင်တာဝန်ထမ်းဆောင်မည့် ဂျပန်ပညာရှင်နှင့်ကျွမ်းကျင်သူဝန်ထမ်းများ လိုက်ပါခဲ့ကြောင်း ယနေ့ တွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။

အဆိုပါလေယာဥ်ခရီးစဥ်မှာ ပျံသန်းအမှတ်၊ NH 1941 ဖြစ်ပြီး ဧပြီ ၂၁ ရက် ည ၈ နာရီအချိန်တွင် တိုကျိုမြို့၊ တိုကျို (နာရီတာ)-အိုကီနာဝါ(နာဟ) လေဆိပ်မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေယာဥ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ် လာရောက်ပြီး မြန်မာနိုင်ငံသို့ အချိန်မီပြန်လည်မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ ကျန်းမာရေးအရပြန်လိုသူများ၊ ဂျပန်ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် မြန်မာ သင်္ဘောသားများနှင့် မှီခိုမိသားစုဝင်များ စုစုပေါင်း (၅၈)ဦး လိုက်ပါခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဂျပန်ပညာရှင်/ ကျွမ်းကျင်သူဝန်ထမ်းများ စုစုပေါင်း(၂၄) ဦးတို့လည်း လိုက်ပါခဲ့ကြောင်းသိရသည်။

ယင်း (၅၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ခရီးအား မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ All Nippon Airways မှ ဝန်ထမ်းများ နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများမှ လိုအပ်သည့်ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here